နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ရေကြီးမြေပြိုသဖြင့် ဒါဇင်နှင့်ချီကာ လူသေဆုံးမှုများဖြစ်ပေါ်

နယူးဒေလီ၊ ဇူလိုင် - ၂၅

အိန္ဒိယအနောက်ပိုင်းဒေသတွင် မုတ်သုန်မိုး ရုတ်တရက်သည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားကာ အနည်းဆုံး ၃၆ ဦး သေ ဆုံးခဲ့ကြောင်းသိရသည်။ ရုတ်တရက် မိုးသည်း ထန်စွာရွာသွန်းမှုမှာပြီးခဲ့ သည်ညက ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုကြောင့် လူတစ်ထောင်ကျော် ကို အိမ်ခေါင်မိုးနှင့် ဘတ်စ်ကားမှ ကယ်ဆယ်ခဲ့ရကာ  နိုင်ငံတွင်းဒေသအချို့ တွင် မိုးရွာသွန်းမှုမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅၉၄ မီလီမီတာ ( ၂၃ လက်မ) အထိရှိသည်။  အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်း ရှိရာ အနောက်ဘက်ပြည်နယ်ဖြစ် သည့် မဟာသျှတပြည်နယ်ရိုင်ဂတ် ခရိုင်တွင် မြေပြိုမှု ၃ ခုဖြစ်ခဲ့သည်။ မဟာသျှတပြည်နယ် အစိုးရအကြီးအကဲ အူဒက်သပ်ခရေး က ဆည်တွေ၊မြစ်တွေ မှာ ရေလျှံနေပြီဖြစ်ကြောင်း အတည်ပြု ပြောထား သည်။ လက်ရှိတွင် အိန္ဒိယ ရေတပ်နှင့် စစ်တပ်အနေဖြင့် ကမ်းရိုး တန်းဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီနေကြောင်းနှင့် ရေတပ်မှာ ကယ်ဆယ်ရေးအဖွဲ့ ၇ ဖွဲ သို့ ရာဘာလှေများ၊ အသက်ကယ်အင်္ကျီများ နှင့် အသက်ကယ်ဘောများဖြင့်ဘေးသင့် ဒေသသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

ရဲခေါင်(ref;AFP)






အခြားဆက်စပ်သတင်းများ