နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယား ရဲများနှင့် ဓားပြများ သေနတ်ဖြင့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

လေးဂို့စ် ဇူလိုင် ၂၅

နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ဘက် Zamfara ပြည်နယ်၌ ဓားပြများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ်သမားများ က ပြန်ပေးဆွဲခဲ့သည့် လူ ၁၁ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြောကြား သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က ဘေးအန္တရာယ်ကျရောက်မှုနှင့်ပတ် သက်၍  Zamfara ပြည်နယ် Gusau -Sokoto ခရိုင်၊ Dogon Karfe လမ်းတစ်လျှောက်တွင် ပိတ်ဆို့၍ အပြစ်မဲ့ခရီးသွားများကို တိုက်ခိုက်ခဲ့ သည့် လက်နက်ကိုင်အဖွဲ့အားနှိမ်နင်း ရန်  ရဲတပ်ဖွဲ့တစ်ဖွဲ့ကို  စေလွှတ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူက ပြောသည်။ ကယ်ဆယ်ရေး အဖွဲ့မှ ပြန်ပေးဆွဲခံရသူ ၁၁ ဦး ကို ချက်ချင်းကယ်တင်စဉ် ဓားပြတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိ ရသည်။ ရဲများမရောက်ရှိမီ တောထဲသို့ ခေါ် ဆောင်ခြင်းခံရသည့် ကျန်ရစ်သည့် ပြန်ပေးဆွဲခံရသူများကို ရဲတပ်ဖွဲ့မှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်းယင်း တာဝန်ရှိ သူက ဖြည့်စွက် ပြောကြားခဲ့သည်။ လူဦးရေအထူထပ်ဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၏ မြောက်ဘက် ပိုင်းတွင်  မကြာသေးမီလများက လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက် မှုများစွာဖြစ်ပွားခဲ့ပြီး အရပ်သားအများ အပြားပြန်ပေးဆွဲခံရကာ သေဆုံးမှုများ လည်းရှိခဲ့ကြောင်းသိရသည်။    
                မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ