နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ပြီးစီးသည့် ဘူတာရုံ ပြသ

ဗီယင်ကျန်း၊ ဇူလိုင် ၂၅

တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ပြီးစီးခဲ့သော ဘူတာရုံကိုလာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်း မှ မြောက် ဘက် ၇၀ ကီလိုမီခန့်အကွာ ရှိ ဖွန်ဟုန်မြို့တွင် ထုတ်ဖော်ပြသခဲ့ ကြောင်း  သိရသည်။  အများဆုံးခရီးသည် ၃၀ဝ ခန့် လက်ခံနိုင်သော ဖွန်ဟုန် ရထားဘူတာရုံသည် စုစုပေါင်းဧရိယာ စတုရန်းမီတာ ၁,၅၀ဝ ခန့်ရှိသည်။ ဘူတာရုံဒီဇိုင်းကို အဝါရောင်ခေါင်မိုး ဖြင့် လာအိုပုံစံနှင့် မျက်နှာစာရှိ ဒေါက်တိုင် များကိုမူ တရုတ်ပုံစံတို့ဖြစ်ပြီး လာအိုနှင့် တရုတ်သွင်ပြင်ကို ရောယှက်ကာ တည်ဆောက်ထားခြင်းဖြစ်သည်။ တည် ဆောက်သူများအနေဖြင့် ဘူတာရုံပြီးစီး ရန် တရုတ်နိုင်ငံသား အင်ဂျင်နီယာများ နှင့် ပစ္စည်းကိရိယာထောက်ပံ့မှုများ ဝင်ရောက်ရန် ခက်ခဲခြင်းကဲ့သို့သော COVID-19 ရောဂါ သက်ရောက်မှုများ နှင့် ရှည်ကြာလှသည့်  မိုးရာသီနှင့် ပူအိုက်သောရာသီစသည့် အခက်အခဲ များကို ကျော်လွှားခဲ့ရကြောင်း တရုတ် အင်ဂျင်နီယာရင်းကုမ္ပဏီဖြစ်သော China Railway Construction Group Co., Ltd. (CRCG) ၏  ပြောကြားချက်အရ သိရသည်။ ကီလိုမီတာ ၄၀ဝ ကျော် ရှည်လျားသော ရထားလမ်းသည် လာအိုနိုင်ငံမြောက်ပိုင်းတွင် တရုတ် နိုင်ငံနှင့် နယ်မြေထိစပ်နေသော Boten နယ်စပ်ဂိတ်မှ ဗီယင်ကျန်းမြို့သို့ အရှိန် နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်သည်။                                      

ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ