နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးတွင် ကာကွယ်ဆေးကို သောက်ဆေးပုံစံဖြင့် စတင်စမ်းသပ် တိုက်ကျွေးမည်

ဂျေရုဆလင်, ဇူလိုင် ၂၅  

Covid 19 ကာကွယ်ဆေးကို ဆေးတောင့်ပုံစံဖြင့် သောက်ဆေးထုတ် လုပ်ခြင်းသည် ကာကွယ်ဆေးထိုးနှုန်း နိမ့်နေသောနိုင်ငံများအတွက် ကြီးမား သောပြောင်းလဲမှုတစ်ခုဖြစ်လာနိုင် ကြောင်း ယင်းကာကွယ်ဆေးတောင့်ကို ထုတ်လုပ်မည့် အစ္စရေးဆေးကုမ္ပဏီက ပြောကြားလိုက်သည်။ မြို့တော်ဂျေရု စလင်အခြေစိုက် အော်ရမ်မက်ဆေးဝါး ကုမ္ပဏီအနေဖြင့် တဲလ်အဗစ်ဆော်ရာ စကီဆေးပညာဌာန၏ ခွင့်ပြုချက်ကို ရရှိပြီးကြောင်း၊ ကာကွယ်ဆေးမထိုး ရသေးသည့်  မိမိဆန္ဒအလျောက် ပါဝင်သူ ၂၄ ဦးကို တစ်ကြိမ်တစ်လုံးသောက် Covid  ကာကွယ်ဆေးတောင့်ကိုတိုက် ကျွေးရန်ရှိကြောင်းပြောသည်။ယင်း ဆေးတောင့်ကို အိန္ဒိယဆေးကုမ္ပဏီ တစ်ခုဖြစ်သည့် ပရီမားစ်ဘိုင်အိုတက်ခ် ကုမ္ပဏီက ဖော်စပ်ပြုလုပ်ထားခြင်း ဖြစ်ပြီး ဝက်များကို ယင်းကာကွယ် ဆေးတောင့်များ စမ်းသပ်တိုက်ကျွေး ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် တိရိစ္ဆာန်များထံမှ ပဋိပစ္စည်းထုတ်လုပ် ခြင်းများကို အော်ရမ်မက်ကုမ္ပဏီက ကြေညာထားသည်။  ယင်းကုမ္ပဏီသည် ထိုးဆေးများကို သောက်ဆေးအဖြစ် ပြောင်းလဲဖန်တီးသည့်နေရာတွင်အထူး ပြု ကျွမ်းကျင်သည့် ကုမ္ပဏီဖြစ်ပြီး လတ်တလောတွင် ဆီးချိုအမျိုး အစား-၂  ကို ကုသရန် ဆီးချိုကုသောက်ဆေးလုံး များကို စမ်းသပ်နေကာလက်ရှိ Covid  ထိုးဆေး များသည် တစ်လုံး သို့မဟုတ် နှစ်လုံး ထိုးကြရသည့်ဆေးများဖြစ် ကြောင်း  သိရသည်။       

                မျိုးဝင်း (ref;Reuters)






အခြားဆက်စပ်သတင်းများ