လန်ဒန် ဇူလိုင် ၂၄
ဗြိတိန်နိုင်ငံမှ ကမ္ဘာ့နံပါတ် ၁ ပြောင်းရှည်သေနတ်ပစ်သမား Amber Hill ထံတွင် COVID-19 ရောဂါကူးစက် ခံထားရသည်ကို ဗြိတိန်နိုင်ငံ၌စစ်ဆေး တွေ့ရှိခဲ့ရာ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ် ကြောင်း ဗြိတိန်ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၂၃ နှစ် အရွယ် Hill သည် လက်ရှိ ကမ္ဘာ့နံပါတ် ၁ အမျိုးသမီးပြောင်းရှည် သေနတ်ပစ် အားကစားမယ်တစ်ဦးဖြစ်ပြီး တိုကျို အိုလံပစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် တစ်ပေး ခံထားရသူဖြစ်သည်။ သို့သော်လည်း COVID-19 စစ်ဆေးရာတွင် Positive ရလဒ် ထွက်ပေါ်ခဲ့သဖြင့် ပြိုင်ပွဲမှ နုတ် ထွက်ရန် အကြောင်းဖန်လာခဲ့သည်။ Hill သည် ရောဂါလက္ခဏာ ပြသခြင်း မရှိသော်လည်း ဗြိတိန်အစိုးရ၏ ညွှန်ကြားချက်အတိုင်း တစ်ဦးတည်း သီးခြားခွဲ၍ နေထိုင်လျက်ရှိကြောင်းသိရ သည်။ ငါးနှစ်ကြာ လေ့ကျင့်ပြင်ဆင်မှု များ ဆောင်ရွက်ပြီးနောက် ပြီးခဲ့သည့်ညက COVID-19 ကူးစက်ခံရသည့်အဖြေ လက်ခံရရှိသည့်အခါ သူမအနေဖြင့် များစွာယူကျုံးမရဖြစ်ခဲ့ရပြီး ဂရိတ် ဗြိတိန် သေနတ်ပစ်အသင်းမှ ထွက်ခွာရန် ဖြစ်လာခြင်းဟု သူမကပြောသည်။
ဗြိတိန် ကိုယ်စားလှယ်အဖွဲ့ကမူ Hill ၏ နေရာတွင် နောက်ထပ်ကစား သမားတစ်ဦး အစားထိုးမည်မဟုတ် ကြောင်း အတည်ပြုခဲ့သည်။ ယခုလ အစောပိုင်းက ဗြိတိန်တင်းနစ်ကစား သမား Johanna Konta နှင့် Dan Evans တို့နှစ်ဦးစလုံးတွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်ကြောင်း အသီးသီးကြေညာ ခဲ့သည်။ မျိုးဝင်း (ref ; Xinhua)