နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်ကာကွယ်ခြင်းဖြင့် ထိရောက်စွာဟန့်တား

ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သောလာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နေထိုင် မည်ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိ သမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ လူတိုင်းအသက်ရှင်နေထိုင်နိုင်မည်ဖြစ်သည်။ လူတိုင်းအသက်ရှင် ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေး စောင့်ရှောက်မှုပင်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုကို မိမိကိုယ်တိုင် ဆောင်ရွက်နိုင်မှသာ တစ်ကိုယ်ရေကျန်းမာသန်စွမ်းမည်ဖြစ်သည်။

ယနေ့ဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိသည်။ ကိုဗစ် ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းလဲလာသည့် ရောဂါပိုးများ ပေါ်ပေါက် လာခြင်းနှင့်အတူ ပြည်သူများအနေဖြင့် သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခြင်းကြောင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေများပေါ်ပေါက်လာခြင်းဖြစ်သည်။

ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ် ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှု မရှိခြင်းကြောင့် ရောဂါ ပိုးမွှား ကူးစက်နိုင်သည်။ လတ်တလောဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လူတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါကူးစက်မှုအရှိန် တန့်သွား ကာ၊ ဖြစ်ပွားမှုနှုန်းတဖြေးဖြေးလျော့ကျလာကာ ကျဆင်းသွား မည်ဖြစ်သည်။

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ရာတွင် ကမ္ဘာ တစ်ဝန်းကာကွယ် ဆေးထိုးနှံခြင်းဖြင့် ထိန်းချုပ်လျက်ရှိသည်။ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ဆေးသည် ခန္ဓာကိုယ်ထဲရှိ ခုခံအား စနစ်ကို တုံ့ပြန်မှုကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ် များက ခန္ဓာကိုယ်မှာရှိသော ဆဲလ်များတွင် ဝင်ရောက် ပွားများလာပါက ခန္ဓာကိုယ်ခုခံအား စနစ်ဖြင့်ပြန်လည် တုံ့ပြန်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားပါက ရောဂါပိုးကို ပြန်လည်တုံ့ပြန်ထိန်းချုပ်ချေဖျက်နိုင်မှုက ကာကွယ်ဆေး အပေါ်မူတည်ပြီး ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်း အထက် အကာအကွယ်ပေးနိုင်ကြောင်းနှင့် ရောဂါ ဝေဒနာ ပြင်းပြင်း ထန်ထန် ခံစားရမှုကို ၉၅ ရာခိုင်နှုန်း အထက်အထိ ကာကွယ်ပေးနိုင်ကြောင်း သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့ အစည်းများ အသိပညာပေး ဖြန့်ဝေပြောကြားထားသည်။

ကိုဗစ် ၁၉ ရောဂါကို ကြိုတင်ကာကွယ်ရာတွင် ကာကွယ်ဆေး က အဓိကဖြစ် သကဲ့သို့ ပါးစပ်နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါရန် မိမိကိုယ်ခန္ဓာထဲရောဂါပိုးမဝင်အောင် တားဆီး ခြင်း ပင်ဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမှ ကင်းစင် စေရန် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများ တွင် ပါဝင်ထိုးနှံစေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ