နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ် ၁၀ဝ၀ အတွင်း တရုတ်တွင် အဆိုးရွားဆုံးမိုးရွာသွန်းကာ ရေကြီးမှုဖြစ်ပွား

 ဘေကျင်း၊ ဇူလိုင် ၂၂


နှစ်  ၁၀ဝ၀  အတွင်း  အမြင့်ဆုံး  မိုးသည်းထန်စွာ    ရွာသွန်းမှုကြောင့် တရုတ် နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ၏မြို့တော်  ကျန်ကျိုးတွင်  ရေကြီးမှု ကြောင့်   ကြီးမားသည့်  ယိုယွင်းပျက်စီး မှုနှင့် အကြီးမားဆုံးထိခိုက်မှုနှင့်အတူ  အကျပ်အတည်း ကို  ရင်ဆိုင်နေရကြောင်း ရာသီဥတုခန့်မှန်းသူများက ဆိုပါတယ်။


 မြစ်ဝါမြစ်ကမ်းပေါ်ရှိ  လူဦးရေ  ၁၂ သန်းကျော်ရှိသော   ကျန်ကျိုးမြို့တွင် ရေကြီးမှုကြောင့်  လူ  ၁၂  ဦး  သေဆုံး ခဲ့ပြီး ဒေသခံတစ်သိန်းခန့်ကိုဘေးကင်း လုံခြုံသည့်ဇုန်များသို့    ရွှေ့ပြောင်းပေး ခဲ့ရကြောင်း   ဒေသခံအစိုးရက    ပြော  သည်။ 


ပုံမှန်မဟုတ်သည့် မိုးရာသီကြောင့်  ယခုရက်သတ္တပတ် အကုန်မှစကာ သန်း ပေါင်းများစွာသော လူများနေထိုင်သည့်  ဟီနန်ပြည်နယ်ရှိ    မြစ်ဝါမြစ်ဝှမ်းရှိ မြစ်ချောင်းများတွင်    အလျင်အမြန် မြစ်ရေမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 


တရုတ်ပြည်အလယ်ပိုင်း သယ်ယူ ပို့ဆောင်ရေး  အချက်အချာဖြစ်သည့် ဟီနန်တွင် ပြည်နယ်တစ်ဝန်း ရထား ပို့ဆောင်ပြေးဆွဲမှုများစွာကို  ရပ်ဆိုင်း ထားခဲ့ကာ  အဝေးပြေးလမ်းမကြီးများစွာ  ကိုလည်း ပိတ်ထားပြီး လေယာဉ်ပျံသန်း ပြေးဆွဲမှုများကိုလည်း   ဖျက်သိမ်း သို့မဟုတ် ရပ်ဆိုင်းထားခဲ့သည်။ လက်ရှိ တွင် ဆိုရှယ်မီဒီယာများပေါ်၌လည်း  တရုတ်၏ လူဦးရေထူထပ်သည့်မြို့ကြီး ရှိလမ်းများတွင်  ရေများလွှမ်းမိုးနေခဲ့ သည့် ပုံရိပ်များကို အသီးသီးတင်ကာ မျှဝေမှုများပြားနေလျက်ရှိသည်။ 

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ