နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်သစ်ကို ရုရှား ပထမဆုံးထုတ်ဖော်ပြသ

မော်စကို ၊ ဇူလိုင် ၂၂ 


ရုရှားနိုင်ငံ မော်စကိုမြို့စွန်၌ ဇူလိုင် ၂၀   ရက်တွင်   စတင်ဖွင့်လှစ်ခဲ့သည့်  နိုင်ငံတကာလေကြောင်းနှင့် အာကာသ ဝန်ဆောင်မှုပြပွဲ (MAKS)-2021 တွင် ပဉ္စမမျိုးဆက်အဖြစ် အင်ဂျင်တစ်လုံး တပ် "Checkmate" အမည်ရှိ ဂျက်တိုက် လေယာဉ်ကို ပထမဆုံးပွဲဦးထွက် ထုတ် ဖော်ပြသခဲ့သည်။ 


လေယာဉ်တစ်စင်းလုံးကို အပြည့် အဝ နောက်ဆုံးပေါ်နည်းပညာသစ်ဖြင့်  တီထွင်ဖန်တီးထားပြီး    မြင်နိုင်စွမ်း လျော့ကျစေရန် ကိုယ်ထည်ရောင်ခပ်မှိန် မှိန်၊ အမြင့်ဆုံးပျံသန်းမှု စွမ်းဆောင်ရည်  နှင့် လေယာဉ်မှူးအတွက် ဉာဏ်ရည်တု နည်းပညာအထောက်အကူပြုစနစ်များ  တပ်ဆင်ပေးထားကြောင်း     ယင်း လေယာဉ်ကို တီထွင်ထုတ်လုပ်ပေးခဲ့ သည့် ရုရှားနိုင်ငံ၏ နိုင်ငံပိုင် အဆင့်မြင့်  နည်းပညာထုတ်လုပ်ရေးကုမ္ပဏီ Ros- tec က ဆိုသည်။ 


စစ်တုရင်ပွဲသိမ်းကွက် “Check- mate” ဟု အမည်ပေးထားသည့် အဆိုပါ  ပဉ္စမမျိုးဆက်  တိုက်လေယာဉ်သည် ရုရှားနိုင်ငံ၏ ပဉ္စမမျိုးဆက်အကြီးစား အင်ဂျင်နှစ်လုံးတပ်  Su-57  ဖိုက်တာ ဂျက်တိုက်လေယာဉ်တွင် အသုံးပြုထား သော အင်ဂျင်နှင့် လေယာဉ်ပျံသန်းရေး အီလက်ထရောနစ် နည်းပညာများကို  ထည့်သွင်း အသုံးပြုထားကြောင်း၊ ယင်း မှာ ဂျက်လေယာဉ်သစ် တီထွင်ထုတ် လုပ်မှုကို  ပိုမိုလျင်မြန် ထိရောက်စေ ကြောင်း Rostec ကုမ္ပဏီအမှုဆောင် အရာရှိချုပ် Sergei Chemezov က ပြောကြားခဲ့သည်။ 


Checkmate  ဂျက်လေယာဉ် တစ်စင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂၅ သန်း မှ သန်း ၃၀ အထိ ရှိနိုင်ပြီး နိုင်ငံတကာ    စစ်လက်နက်တင်ပို့မှု ဈေးကွက်တွင်   လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြစ်ကြောင်း ယင်းကဖြည့်စွက် ပြောကြားခဲ့သည်။ 


အဆိုပါ တိုက်လေယာဉ်များကို ဝယ်လက်များဆီသို့ ပထမဆုံးမတင်ပို့မီ ငါးနှစ်ခွဲခန့် အချိန်ယူရမည် ဖြစ်ကြောင်း  မီဒီယာများ၏  ဖော်ပြချက်အရ  သိရ သည်။ 

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ