နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်ကြောင့် ဖြစ်ပွားသော ရောဂါများ လျော့နည်းစေရေး

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပေသည်။ ကမ္ဘာ့ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး    ဒုတိယအများဆုံးဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသည် အင်ဒို နီးရှား အိန္ဒိယနိုင်ငံတို့နှင့် ဖြစ်ပွားသေဆုံးမှုနှုန်း အများဆုံး တွင် ပါဝင်နေပေသည်။


မြန်မာနိုင်ငံ လူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှု အန္တရာယ်ရှိသည့် ဒေသများတွင် နေထိုင်ကြပြီး ငှက်ဖျားဖြစ် ပွားသူ ၂၃ ဒသမ ၃၉၂ ဦး တစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွား သူ သုံးသိန်းနီးပါးရှိပေသည်ဟု သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရပေသည်။


မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေး အနေဖြင့် ၂၀၁၅ ခုနှစ်  ထောင်စုရည်မှန်းချက်ဖြစ်သော ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးနှုန်းထက်ဝက်လျှော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် နှီးနွယ်ဌာန ဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် အောင်မြင် မှုများ ရရှိခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း၊ ရလဒ်ကောင်းများကို ဆက်လက် ထိန်းသိမ်းရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများ သေဆုံးမှုမရှိ စေရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် လိုအပ်သည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ခြင်ကြောင့် ဖြစ်ပွားသောရောဂါများ ဖြစ်ပွားမှုကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန တာဝန်ရှိသူများက သွေးလွန်တုပ်ကွေး ကာကွယ်ရေး နှိမ်နင်းရေး စီမံချက်များ ချမှတ်ကာ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပေသည်။ သွေးလွန်တုပ်ကွေး ကာကွယ် ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည့်အလျောက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြရန် လိုအပ် ပေသည်။ ခြင်များခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခြင်း အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းမှုများ ပြုလုပ်ဆောင်ရွက်ရန် အရေးကြီးပေသည်။


သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်း နည်းစေရန် ကာကွယ်ရေး နှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်သင့်ပါ ကြောင်း။







အခြားဆက်စပ်သတင်းများ