နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဘဂ္ဂဒက် ၊ ဇူလိုင် ၂၁


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အရှေ့ ပိုင်းရှိ  ဈေးဝယ်စင်တာတစ်ခုတွင် ဗုံး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်း ဆုံး  လူ ၂၈ ဦးသေဆုံးပြီး အခြား ၆၆ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်းအီရတ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်း အရင်းအမြစ်က ဆိုသည်။ ဘဂ္ဂဒက် မြို့တော်၏ ခရိုင်ခွဲမြို့ငယ်လေးဖြစ်သည့် Sadr မြို့ငယ်ရှိ လူထူထပ်သောထင်ရှား သည့် ဈေးကြီးတစ်ခုထဲတွင် ဖောက်ခွဲ ရေး ဗုံးတစ်လုံးကို နေမဝင်မီဖောက်ခွဲ ခဲ့ရာ အနီးအနားတစ်ဝိုက်ရှိ ဈေးဆိုင် အများအပြားနှင့် အဆောက်အဦပတ် ပတ်လည်ရှိ ဆိုင်ခန်းများ ထိခိုက်ပျက်စီး သွားကြောင်း အမည်မဖော်လိုသော ဝန်ကြီးဌာန သတင်းအရင်းအမြစ်တစ်ဦး က ပြောကြားသည်။ အီရတ်အာဏာပိုင် များက ကြေညာချက်အတိုတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အခင်းဖြစ်ကိစ္စရပ် ကို     စုံစမ်းစစ်ဆေးပြီးနောက်မှသာ  အသေးစိတ်     အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်    ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။  ၂၀၁၇ ခုနှစ်တွင် အီရတ်နိုင်ငံတစ်ဝှမ်းရှိ အိုင် အက်စ်(IS)  စစ်သွေးကြွများအပေါ် အီရတ်လုံခြုံရေးတပ်ဖွဲ့က ချေမှုန်းအနိုင် ယူပြီးကတည်းက အီရတ်တွင် လုံခြုံရေး အခြေအနေ တိုးတက်ကောင်းမွန်ခဲ့ရာ ဘဂ္ဂဒက်မြို့တော်၌ လူအသေအပျောက် များသည့်  ဗုံးပေါက်ကွဲမှုများ  မရှိ သလောက် နည်းပါးခဲ့သည်။ 

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ