နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီယာယီဝန်ကြီးချုပ် နုတ်ထွက်မည်

ပေါ့အော့ပရင့်စ်  ဇူလိုင်  ၂၁


ဟေတီနိုင်ငံ၏ ယာယီဝန်ကြီးချုပ် Claude Joseph က နိုင်ငံ၏ အရေးကို ရှေးရှူ၍ နိုင်ငံတကာ၏ ထောက်ခံမှု ပိုမို ရရှိထားသူအတွက်  အခွင့်အလမ်းရရှိ စေရန် ယင်းအနေဖြင့် ရာထူးမှ နုတ်ထွက် မည့်အကြောင်း ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က  ဟေတီသမ္မတ  Jovenel Moise လုပ်ကြံခံရပြီးကတည်းက ယာယီ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေ သည့် Claude Joseph က ယင်းအနေဖြင့်  ရာထူးမှ   နုတ်ထွက်တော့မည်ဖြစ် ကြောင်း  ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ယင်းနေရာတွင် အသက် ၇၁ နှစ် အရွယ် ဦးနှောက် နှင့် အာရုံကြော အထူးကု ခွဲစိတ်ဆရာဝန် ကြီး Ariel Henry က တာဝန်ယူမည်ဖြစ်ပြီး ယခု ကဲ့သို့  နိုင်ငံရေး အခင်းအကျင်းမျိုးကို ယင်းအနေဖြင့် စိတ်ဝင်စားခြင်း မရှိသည် ကို နိုင်ငံရေးလောကက သိထားပြီးဖြစ် ကြောင်း ယာယီဝန်ကြီးချုပ် Joseph က ပြောသည်။ 

လက်ရှိတွင် စေ့စပ်ညှိုနှိုင်းမှုများ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်သည်။ ဟေတီသမ္မတ Moise သည် ပေါ့တ်အော့ ပရင့်စ်ရှိ ယင်း၏နေအိမ်ကို လုပ်ကြံသူ များ ဝင်ရောက်စီးနင်းချိန်တွင် သေနတ် ဖြင့်     ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။                      

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ