နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်တွင် Covid တားဆီးမှုများ ရုပ်သိမ်း

လန်ဒန်,ဇူလိုင် ၂၁


Covid ကူးစက်မှုတွေ မြင့်တက်ပြီး  ကျွမ်းကျင်သူများ  ပြင်းပြင်းထန်ထန် သတိပေးနေသည့်ကြားက   Covid တားမြစ်ကန့်သတ်ချက်များကို ဗြိတိန် ဝန်ကြီးချုပ် Boris Johnson စတင် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ 


“အခုချိန်ဖွင့်မပေးရင် အေးတဲ့လ တွေ ရောက်လာရင် ဗိုင်းရပ်စ်ကပိုမိုအား ကောင်းလာပြီး ကျွန်တော်တို့အနေနဲ့ပိုမို ခက်ခဲတဲ့အန္တရာယ် တွေ့လာနိုင်ပါတယ်။  လူပေါင်းများစွာ ကာကွယ်ဆေးထိုးပြီး တဲ့နောက်မှာ  ဒါဟာ  လုပ်ရတဲ့အချိန် ပါပဲ။ ကန့်သတ်မှုတွေ ပိုလုပ်လဲဆေးရုံ တက်ရသူတွေ၊  သေဆုံးမှုတွေရှိနေမှာ ပဲဆိုတော့ ကန့်သတ်နေလည်း ဘာမှ မထူးပါဘူး"ဟု ဝန်ကြီးချုပ်က ပြော သည်။  သို့ရာတွင် စက်တင်ဘာလကုန်က စပြီး   ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြမှသာလျှင်  နိုက် ကလပ်များ၊ လူစုလူဝေးများကိုဝင်ခွင့်ပြု  မည်ဖြစ်ကြောင်း၊ ပိုးမတွေ့ဘဲ Negative ဖြစ်သည်ဆိုရုံနှင့် မရကြောင်း ဝန်ကြီး ချုပ် Johnson ကပြောသည်။ 


ဗြိတိန်ဝန်ကြီးချုပ်က    ယခုလို ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်သော် လည်း ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲ သစ်မှာ ဗြိတိန်အပါအဝင် ဥရောပနှင့် အာရှဒေသတချို့တွင်  ကူးစက်ပျံ့နှံလာ နေပြီး တိုကျို အိုလံပစ်ပွဲတော်ကိုပင်  ခြိမ်းခြောက်နေကြောင်း သိရသည်။ မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ