နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင့်နောင်တံတား နှစ်စင်းကြား ပန်းခြံတည်ဆောက်နေမှုနှင့် ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက လှိုင် သာယာမြို့နယ် ဘုရင့်နောင် တံတား နှစ်စင်းအကြား ပန်းခြံ တည်ဆောက်နေမှုနှင့် အမှတ်  (၇) ရပ်ကွက် ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်နေမှု လုပ် ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်၊ လှိုင် သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ဘုရင့်နောင် တံတား‌နှစ်စင်းအောက်သို့ သွား ရောက်၍ ပန်းဥယျာဉ်နှင့် အား ကစားကွင်းများဌာနက ပန်းခြံ တည်ဆောက်ပြီး ယိုးဒယားဘဲ စားမြက်၊ စင်ကာပူ ချယ်ရီပင် များ၊ ဘွန်ဆိုင်းပင်များ၊ ရောင်စုံ စက္ကူပန်းပင်များ၊ ပေါ်လိုနီးယား ပင် စိုက်ပျိုးထားရှိမှုများ၊ လျှပ် စစ်မီးရရှိရေး၊‌ ယာဉ်ရပ်နားကွင်း ဆောင်‌ရွက်နိုင်ရေးတို့အတွက် လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ်လမ်းဘေး ဘုရင့်နောင် ပန်းခြံရှေ့ရှိ ရေမြောင်းကို အင်ဂျင် နီယာဌာန (ရေစီး‌ရေလာစီမံခန့် ခွဲမှု)က ရေစီးရေလာကောင်းမွန် စေရေးအတွက် အရှည် ၅၈၇ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်း တည်ဆောက် နေမှုကိုလည်းကောင်း၊ ၁၀ ပေ ပတ်လည်ဆိုင်ခန်းပေါင်း ၃၀၀ နှင့် ပျော်ပွဲရွှင်ပွဲ ဆောင်ရွက်ရန်နေရာ တို့ကို မြေပြုပြင်နေမှု၊ ရေဂါလန် နှစ်သိန်းဆံ့ ရေကန်တူးဖော်နေ မှု၊ ယာယီရှင်းလင်းဆောင်တွင် အင်ဂျင်နီယာဌာန (အဆောက် အအုံ) ဌာနမှူး ဦးတင်မောင် ကြည်က ရေးဆွဲထားသော အများ ပြည်သူဆိုင်ရာ ဘုရင့်နောင်ပန်း ခြံဒီဇိုင်းနှင့် စုဝေးခန်းမတည် ဆောက်မည့်ဒီဇိုင်းတို့ကို ရှင်း လင်းတင်ပြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံဝင်းအတွင်း လယ်မြေရှိ ၄၃ ဧကတွင် မျိုးစေ့ ချကိရိယာ (Seeder) ဖြင့် စိုက် ပျိုးထားရှိသည့် နွေစပါး (ဆင်း သုခ) ရိတ်သိမ်းခြင်း၊ ချိန်တွယ် ခြင်းများကို ကြည့်ရှုအားပေး ကြရာ တစ်ဧက အထွက်နှုန်း ၁၀၅ တင်းရရှိကြောင်း သိရ သည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ