နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံအသစ် တည်ဆောက်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ  ၂၆

လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သည် ရုံးချုပ် တာဝန်ရှိသူများနှင့်အတူဧပြီ  ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန် မန္တလေးအမြန်လမ်းမကြီး (၁/၀)မိုင်၊ အမှတ်(၃) တိုးလ်ဂိတ် အနီးရှိ လျှပ်စစ်ဓာတ်အားဖြည့် သွင်းရုံသို့ တည်ငြိမ်ပြည့်ဝစွာ ဖြင့် ဓာတ်အားပေးနိုင်ရန် တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ အသစ်တည်ဆောက်ခြင်းလုပ် ငန်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။(ပုံ)

ထိုသို့စစ်ဆေးစဉ်Control Bulding ရာနှုန်းပြည့်တည် ဆောက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်ရမည့် Switch Yard Foundation ဆောင်ရွက်နေမှုအခြေအနေ၊ မြေပြုပြင်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ  လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊လုပ် ငန်းခွင်ဆိုင်ရာသတ်မှတ်လုပ် ငန်းစဉ်များနှင့်အညီ အရည် အသွေး စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရေး၊ ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်စနစ် တကျထိန်းသိမ်းဆောင်ရွက် ရေးတို့ကို မှာကြားကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

             







ချစ်ဆောင်(YESC)






အခြားဆက်စပ်သတင်းများ