နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစားဝန်ထမ်းများ ဂါရဝပြုခြင်းနှင့် ဌာနအလိုက်အကောင်းဆုံးဝန်ထမ်းများ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်  ဧပြီ  ၂၆

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသက် ၉၀နှစ် နှင့်အထက် အငြိမ်းစားဝန်ထမ်းများ ဂါရဝပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဌာနအလိုက် အကောင်းဆုံးဝန်ထမ်းများ ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ ခန်းမကြီး၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစားဝန်ထမ်းများ၊ အကောင်းဆုံးဝန်ထမ်းဆုရရှိသူများနှင့် ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ကြသည်။

အစီအစဉ်အရ မြို့တော်ဝန်ကအဖွင့်အမှာစကား ပြောကြားရာ တွင်“တစ်နှစ်တာကာလအတွင်း အကောင်းဆုံးတာဝန်ထမ်းဆောင် ခဲ့ကြသော ဝန်ထမ်းများအားရွေးချယ်ရာတွင် အကောင်းဆုံးဌာနမှူး များကို ဌာနမှူးများ၏ဆန္ဒဖြင့် သတ်မှတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊   အကောင်းဆုံး ဒုတိယဌာနမှူးများကို ရွေးချယ်ရာတွင်လည်း ကော် မတီ ဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၏ဆန္ဒဖြင့် သတ်မှတ်ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း၊ အကောင်းဆုံး မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများအချင်းချင်း ဆန္ဒပြုရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဌာနအလိုက် အကောင်းဆုံးဝန်ထမ်းများ ကို ဌာန (၁၈) ခုမှ သက်ဆိုင်ရာဌာနများကို ရွေးချယ်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ အကောင်းဆုံးအဖြစ် ရွေးချယ်ခြင်းခံရသည့်ဝန်ထမ်းများ အပါအဝင် ကော်မတီရှိ ဝန်ထမ်းများအားလုံးသည်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်အခါ ကျရာအခန်းကဏ္ဍ အလိုက် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်နေကြသူများဖြစ်ပြီး ကော်မတီ၏ လုပ်ငန်းများ အောင်မြင်သည်ထက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းများ 

                                                                       အား မြို့နယ်အုပ်ချုပ်ရေးမှူးများက အဓိက ထိတွေ့ဆက်ဆံပြီးသန့်ရှင်း သာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ နေထိုင်ရာနေရာတွင် လုပ်ငန်း ဆောင်ရွက်ရင်း မှတ်သားကူညီဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ မှတ်တမ်းများအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အကောင်းဆုံးဝန်ထမ်း ရွေးချယ်ချီးမြှင့်ခြင်းကို၁၉၉၁- ၁၉၉၂ ဘဏ္ဍာရေးနှစ်မှ ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်အထိ (၁၀) ကြိမ်ဆောင်ရွက်ခဲ့ရာတွင် အရာထမ်း (၁၉၁) ဦး၊ အမှုထမ်း (၁၈၇) ဦးကို ချီးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကို သတ်မှတ်ပြဋ္ဌာ န်းချက်များနှင့်အညီ နှစ်စဉ်ချီးမြှင့် ပေးအပ်လျက်ရှိရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း (၁၀၈) ဦး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရပြီး  ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုး ရေးတံဆိပ် ရရှိသူဝန်ထမ်း (၉၃၈၃) ဦး၊ ပြည်သူ့ဝန်ထမ်း တံဆိပ်ရရှိသူ ဝန်ထမ်း (၆၇၃၂) ဦးနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူ ဝန်ထမ်း (၂၇၁၈) ဦး ရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တော်ကြီးကို သန့်ရှင်း သာယာလှပစေရေး၊ ရေကောင်းရေသန့်ရရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်း မွန်စေရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့တော် သန့်ရှင်းသာယာသပ်ရပ်ရေးမှ သန့်ရှင်းသာယာလှပသော မြို့တော် ကြီးဖြစ်လာစေရန် ဝန်ထမ်းများအားလုံးက စိတ်သစ်၊ ခွန်အား သစ်များနှင့် တက်ညီလက်ညီ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဝန်ဆောင်မှုပေး နေရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မြေပြင်တွင်ဆောင်ရွက်ရသည့် ဝန်ထမ်းများသည် ကာယအား၊ ဉာဏအားဖြင့် ဝန်ဆောင်မှုပေး ဆောင်ရွက်သကဲ့သို့ ရုံးပေါ်ရှိဝန်ထမ်းများသည်လည်း ပြည်သူလူထု ရုံးလုပ်ငန်းကိစ္စရပ်များ လာရောက်ဆောင်ရွက်ပါက မှန်ကန်မြန် ဆန်စေရေးအတွက် ပြီးပြည့်စုံသည်အထိ ထိထိရောက်ရောက်တာဝန် ယူဆောင်ရွက်ပေးခြင်းဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပုံရိပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပုံရိပ်၊ နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို မထိခိုက်အောင် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မြို့တော်နေပြည်သူများ၏ မွေးဖွားသည်မှ သေဆုံးသည် အထိ စားရေး၊ နေရေးကိစ္စ အများစုတွင် ကော်မတီရှိ ဌာနတစ်ခုခုနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ဆက်နွှယ်နေခြင်းဖြစ်သောကြောင့် မိမိတို့ဌာနနှင့် ဆက်သွယ်လာ သည့် ပြည်သူများအတွက် ဥပဒေအရဆောင်ရွက်ပေးရမည့်ဝန်ဆောင် မှုများကို စိတ်ကောင်းစေတနာကောင်းများထားရှိ၍ တာဝန်များ ကို ကျေပွန်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကော်မတီ ၏ အငြိမ်းစားဝန်ထမ်းများ အားလုံးကိုလည်း ကျန်းမာချမ်းသာစွာ နေနိုင်ပါစေကြောင်း ကော်မတီ၏ ဝန်ထမ်းများကိုယ်စား ဆုမွန် ကောင်းတောင်းအပ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ဝန်ထမ်းများ၏ မိခင်ဌာနဖြစ်သည်နှင့်အညီ လိုအပ်သည့် အခက်အခဲများရှိပါက ကော်မတီသို့အကြောင်းကြားပြီး ကော်မတီက ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများကို ဖြည့်ဆည်းဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ကော်မတီရှိ ဝန်ထမ်းတိုင်း ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် တူညီ သောစိတ်ဓာတ်၊ ကောင်းမွန်သော စိတ်စေတနာဖြင့် အောင်မြင်အောင်‌ ဆောင်ရွက်ပေးကြရန် အရာရှိအဆင့်ဆင့်၊ တာဝန်ရှိသူအဆင့်ဆင့်က ဦးဆောင်ကွပ်ကဲကြီးကြပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ သမိုင်းစဉ်လာကောင်းများ၊ မှတ်တိုင်ကောင်းများ မှတ်တမ်းစိုက်ထူ၍ ဆက်လက်ကြိုးပမ်းသွားကြရန်ဖြစ်ကြောင်း” တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြို့တော်ဝန်က အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစားဝန်ထမ်းများကိုယ်စား တက်ရောက်လာကြသူ လေးဦးအား နေရာအရောက်သွားရောက်၍ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက်အကောင်းဆုံး ဌာနမှူး ဆုရရှိသူ ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနမှ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ‌ဒေါ်နီနီအေး၊ အကောင်းဆုံးဒုတိယ ဌာနမှူး ဆုရရှိသူ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန၊ ဒုတိယဌာနမှူး မြို့တော်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးမင်းညွန့်နှင့် အကောင်း ဆုံး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆုရရှိသူ စီမံရေးရာ ဌာန ဦးစီးအရာရှိ (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး)ဦးဝင်းနိုင် တို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ချီးမြှင့်သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အကောင်းဆုံး ဝန်ထမ်းဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများဆက်လက် ချီးမြှင့်ရာ ဒုတိယမြို့တော်ဝန် ဦးညီညီက ကော်မတီရုံး ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဦးလင်းသူ၊ စီမံရေးရာဌာနမှ ဌာနခွဲမှူး ဦးထိုက်ဦး နှင့် ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန ဌာနခွဲမှူး ဦးအောင်ကျော်သူ တို့အားလည်းကောင်း၊ အတွင်းရေးမှူး ဦးညွန့်ဖေက ရာပြတ်ဌာန လက်ထောက်ဌာနမှူး ဦးနိုင်ဝင်း၊ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား) လက်ထောက်ဌာနမှူး ဦးအောင်သန်းနှင့် အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး ဦးစိုးလွင်တို့အားလည်း ကောင်း၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်းက အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)  ဌာနစုမှူး ဦးတင့်ဇော်၊ အင်ဂျင်နီယာဌာန(ရေစီး ရေလာစီမံခန့်ခွဲမှု) ဌာနခွဲမှူး ဦးမင်းနိုင်လင်း၊ မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးမြင့်စိုးနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန ဌာနခွဲမှူး ဦးသန်းဌေးတို့အားလည်းကောင်း၊ ကော်မတီဝင်ဒေါက်တာငွေစန်းက တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေး ဌာန ၊ ဌာနစုမှူး ဒေါက်တာ‌ဇော်မျိုးအောင်၊ ယာဉ်ယန္တရားစီမံခန့်ခွဲရေး နှင့်ထိန်းသိမ်းရေးဌာန ကွန်ပျူတာစီစဉ်ရေးမှူး ဦးဖြိုးမင်းသိန်း၊မြို့ပြ မြေစီမံခန့်ခွဲမှုဌာန  မြေတိုင်း (၁) ဦးကျော်မင်းဦးနှင့် ပန်းဥယျာဉ် နှင့်အားကစားကွင်းများဌာန ဌာနစုမှူး ဒေါ်ဝင်းစန္ဒာတို့အားလည်း ကောင်း၊ ကော်မတီဝင် ဦးအောင်နိုင်က ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန လက်ထောက်ဌာနမှူးဦးလှမင်း၊ ပြည်သူ့ကျန်းမာ ရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာ ကိုကိုထွန်း၊ မြို့ပြ စီမံကိန်းဌာန  စာရင်းကိုင် (၃) ဒေါ်သိန်းစန်းကျော်နှင့် လုံခြုံရေး နှင့် စည်းကမ်းထိန်းသိမ်းရေးဌာန  ဒုတိယရဲမှူး တင့်နိုင်တို့အား လည်း‌ကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ အသီးသီးပေးအပ်    ချီးမြှင့်သည်။                           







 သတင်း-မိုးမြင့်မောင်/ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ