နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်း စမတ်ဖုန်းနံပါတ် ငါးသောင်းကျော်တွင် အစ္စရေး Spywareများ ရှိနေကြောင်း သတင်းထွက်ပေါ်

ဂျေရုဆလင်, ဇူလိုင် ၂၁


အစိုးရများထံ Spyware ထောက်ပံ့ ပေးနေသည်ဟု စွပ်စွဲခံရသော အစ္စရေး လုပ်ငန်းတစ်ခုသည်  ကမ္ဘာတစ်ဝန်းရှိ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ် များ၊   စီးပွားရေးအမှုဆောင်များနှင့် နိုင်ငံရေးသမားများ အပါအဝင် စမတ် ဖုန်းနံပါတ် ၅၀,ဝ၀ဝ စာရင်းနှင့် ဆက်စပ် နေကြောင်း သတင်းများထွက်ပေါ်လျက် ရှိသည်။  ပေါက်ကြားမှုတွင်   ဖုန်းနံပါတ် ၅၀,ဝ၀ဝ ကျော်စာရင်းပေါက်ကြားမှု ဖြစ်ပြီး အဆိုပါနံပါတ်များမှာ ၂၀၁၆ ခုနှစ်ကတည်းက NSO ၏ ဖောက်သည် များက စိတ်ဝင်စားနေသူများ ဖြစ်သည် ဟု သိရသူများ၏နံပါတ်များ ဖြစ်သည် ဟု ယုံကြည်ရသည်။ 


စာရင်းတွင်ပါဝင်သော ဖုန်းနံပါတ် အရေအတွက် စုစုပေါင်းသည် အမှန် တကယ်ပစ်မှတ်ထားခံရခြင်း သို့မဟုတ် စောင်ကြည့်ခံရခြင်း ရှိ/မရှိကိုမူ မသိရ ကြောင်း ဖော်ပြခဲ့သည်။  ပေါက်ကြား စာရင်းတွင် ပါဝင်ခဲ့သော ဖုန်းနံပါတ် ၁၅,ဝ၀ဝ  သည်  မက္ကဆီကိုနိုင်ငံမှဖြစ်ပြီး  နိုင်ငံရေးသမားများ၊ သမဂ္ဂကိုယ်စားလှယ် များ၊ ဂျာနယ်လစ်များနှင့် အစိုးရဝေဖန်  ရေးသမားများ၏   နံပါတ်များပါဝင်ခဲ့ သည်။ ပေါက်ကြားခဲ့သော ဖုန်းနံပါတ် များစာရင်းတွင် အိန္ဒိယ၌ အသုံးပြုနေ သော မိုဘိုင်းဖုန်းနံပါတ် ၃၀ဝ ပါဝင်နေ ပြီး  ထိုနံပါတ်များမှာ  အိန္ဒိယအစိုးရ ဝန်ကြီးများ၊  အတိုက်အခံ  နိုင်ငံရေး သမားများ၊ ဂျာနယ်လစ်များ၊ သိပ္ပံပညာ ရှင်များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူများ၏ နံပါတ်များဖြစ်ကြောင်းသတင်း  များတွင် ဖော်ပြခဲ့သည်။ ရဲခေါင် (ref; AFP)







အခြားဆက်စပ်သတင်းများ