နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးသည်းထန်စွာရွာသွန်းပြီးနောက် တရုတ်ပိုင် အတွင်းမွန်ဂိုလီးယားရှိ ဆည်နှစ်ခုပြိုကျ

ရှန်ဟိုင်း၊ ဇူလိုင်  ၂၁


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသဖြစ်သည့် အတွင်းမွန်ဂိုလီးယား တွင်ရှိသည့် ဆည်နှစ်ခုမှာ မိုးသည်းထန် စွာ ရွာသွန်းပြီးနောက် ပြိုကျခဲ့ကြောင်း တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက  ထုတ်ပြန်ခဲ့သည်။ အတွင်းမွန်ဂိုလီးယား မြို့တော် ဟူလမ်ဘောရှိ ဆည်များပြိုကျ ခဲ့ပြီး အဆိုပါဆည်များကို ရေလှောင်ကန် များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ် ပြီး စုစုပေါင်းရေသိုလှောင်နိုင်စွမ်း ကုဗ မီတာ ၄၆ သန်းရှိကြောင်း ရေအရင်း အမြစ် ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ ဆည်ပြိုကျသော်လည်း မြစ်အောက်ပိုင်း တွင် နေထိုင်သောလူများကိုဘေးကင်း ရာသို့ ပို့ဆောင်ပေးခဲ့သဖြင့် မည်သည့် ထိခိုက်ဒဏ်ရာမှ မရရှိခဲ့ကြောင်း သိရ သည်။ ဟူလမ်ဘောတွင် တနင်္ဂနွေနေ့ က ရွာသွန်းခဲ့တဲ့ မိုးရေချိန်မှာ ၈၇ မီလီမီတာအထိရှိတယ်လို့ဆိုပြီး မိုရီ ယန်ဒါဝါရှိ  စောင့်ကြည့်ရေးစခန်းတွင် မိုးရွာသွန်းမှုမှာ ၂၂၃  မီလီမီတာအထိ  ကျဆင်းခဲ့သည်။ 


မကြာသေးမီ  ရက်သတ္တပတ်များ အတွင်း   မိုးသည်းထန်စွာ   ရွာသွန်းမှု ကြောင့်  ဥရောပဒေသများတွင် ရေကြီးမှု  ဖြစ်ပွားခဲ့ပြီး မြောက်အမေရိကတွင် အပူ လှိုင်းများ ကျရောက်ခဲ့ပြီး ကမ္ဘာကြီး၏  အစိတ်အပိုင်းအတော်များများတွင် ရာသီ ဥတု အစွန်းရောက်မှုများရိုက်ခတ် နေပြီး ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ် သက်၍ စိုးရိမ်ပူပန်မှုများ တိုးပွားစေခဲ့ သည်။ ဟူလမ်ဘောမြို့အစိုးရ၏ ဝီချက် အကောင့်တွင်     ဆည်ပြိုမှုကြောင့် လူပေါင်း  ၁၆၆၆၀  ကို  ထိခိုက်ခဲ့ပြီး မြေဟက်တာ ၂၃၆၀ဝ နစ်မြုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည့်အပြင်   တံတားများနှင့် အခြားသယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦများလည်း    ပျက်စီးခဲ့ သည်။                       ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ