နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် COVID-19 ကာကွယ်ဆေးများ လှူဒါန်းမည်

အီဂျစ်    ဇူလိုင်    ၂၀


တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံများအနေဖြင့် ဂါဇာကမ်းမြောင် ဒေသရှိ ဒေသခံပြည်သူများ၏ လတ်တလောလိုအပ်ချက် များကိုဖြေရှင်းရန်      ပါလက်စတိုင်းပြည်သူများအတွက် COVID-19 ကာကွယ်ဆေးအကြိမ်ရေ ၅၀ဝ,ဝ၀ဝ စာအတွက် ပူးပေါင်းလှူဒါန်းသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 


ယင်းကြေညာချက်သည် အီဂျစ်နိုင်ငံ မြောက်ပိုင်း ကမ်းရိုး တန်းမြို့ဖြစ်သည့် အာလမိန်းမြို့သို့ တရားဝင်အလည်အပတ် ခရီးအဖြစ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukry တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 


တရုတ်-အီဂျစ်နှစ်နိုင်ငံသည် မကြာသေးမီက တစ်ဖန် ပြန်လည်ဖြစ်ပွားသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအခြေ အနေများအပေါ် အနီးကပ်အလေးထားစောင့်ကြည့်နေခဲ့ ကြောင်း၊ ပါလက်စတိုင်းကိစ္စတွင် တရားမျှတသော အဖြေ တစ်ခုထွက်ပေါ်ရန် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင် နေစဉ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပါလက် စတိုင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အခြေအနေကိုလည်း ဂရုပြုသင့်ကြောင်း၊      အထူးသဖြင့် COVID-19 ရောဂါတိုက်ဖျက်ရေး ဒေသခံပြည်သူများအားကူညီ ရန် ခိုင်မာသည့်အစီအမံများ    လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ဆိုသည်။ 


လှူဒါန်းမည့် ကာကွယ်ဆေးများကို အီဂျစ်နိုင်ငံ၌ တရုတ်- အီဂျစ် နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားသည့် ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါလက် စတိုင်းဘက်နှင့်  ညှိနှိုင်းမှုများမှတစ်ဆင့် တတ်နိုင်သမျှ         အမြန်ဆုံးပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ