နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ မွမ်ဘိုင်း ရေကြီးမြေပြို၊ လူ ၂၀ ထက် မနည်းသေဆုံး

နယူးဒေလီ   ဇူလိုင်    ၂၀


အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာလည်း မုတ်သုံမိုးရွာသွန်းပြီး ရေကြီး၊မြေပြိုမှု တွေဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၇ ယောက်သေဆုံးပြီး ၂ ဦးဒဏ်ရာ ရခဲ့ကာ လက်ရှိတွင် ဆင်းရဲသားရပ်ကွက် တစ်ခုအတွင်း မြေပြိုကျခဲ့ခြင်းကြောင့် အိမ်ခြေအတော်များများ ပျက်စီးခဲ့သည်။ နောက်ထပ် သီးခြားတောင်ခြေနေရာ တစ်ခုတွင်လည်း တဲအိမ်များ တစ်ခုပေါ် တစ်ခုဆင့်ပြီး       ပြိုကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး  ပြိုကျ သည့်အပျက်အစီးပုံများအောက်  ပိတ်မိ နေသူအနည်းဆုံး ၁၅ ဦးခန့်ကို ကယ် ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်နေ ကြောင်း သိရသည်။


မုတ်သုံမိုးကြောင့် မွမ်ဘိုင်းမြို့နေရာ အတော်များများ ရေလွှမ်းမိုးမှုကြုံနေရ ရထားလမ်းများ ရေကျော်နေခြင်းကြောင့် လည်း ရထားပြေးဆွဲမှုများကို ရပ်ဆိုင်း ထားရခြင်းဖြစ်သည်။ အိန္ဒိယတွင်နှစ်စဉ် ဇွန်လက စက်တင်ဘာလအထိ မုတ်သုံ ရာသီမိုးဒဏ်ကြောင့်  မြေပြိုပြီးအဆောက် အဦးများ ပျက်စီးပြိုကျသည့်ဖြစ်ရပ်များ ကြုံတွေ့ရလေ့ရှိသည်။

ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ