နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်ဆိုင်ရာ အာဖဂန်သံတမန်များကို နေရပ်ဌာနေသို့ အာဖဂန် ပြန်လည်ခေါ်ဆောင်

အစ္စလာမ် မာဘတ်    ဇူလိုင်    ၂၀

  

အာဖဂန်နစ္စတန်အစိုးရသည် ပါကစ္စတန်တွင်ရှိနေသည့် ယင်းတို့၏ သံတမန်အားလုံးကို ပြန်လည်ခေါ်ယူ လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က အာဖဂန်သံအမတ် ကြီး၏ သမီးဖြစ်သူ ခေတ္တပြန်ပေးဆွဲခံခဲ့ရပြီး သည့် နောက်သံတမန်များ၏ လုံခြုံရေး အန္တရာယ်ကိုရှင်းလင်းပြီး ပြန်ပေးဆွဲမှု အတွက်  တရားမျှတမှုဖော်ဆောင်ပြီး ချိန်ထိ ပြန်လည်စေလွှတ်မည်မဟုတ် ကြောင်း သိရသည်။ 


ပါကစ္စတန်ဆိုင်ရာ    အာဖဂန်သံ အမတ်ကြီး၏သမီး Silsila Alikhil မှာ လွန်ခဲ့သောသုံးရက်က အမည်မသိသူ များ၏ နာရီပေါင်းများစွာကြာပြန်ပေးဆွဲ ခံခဲ့ရပြီး   ပြင်းပြင်းထန်ထန်ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်း အာဖဂန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ 


ပါကစ္စတန်အစိုးရကမူ ယင်းစိတ် ထိခိုက်ဖွယ်ဖြစ်ရပ်အတွက် အာဖဂန် သံရုံးကအကြောင်းကြားပြီး ချက်ချင်း အဆင့်မြင့်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊          အာဖဂန်ကိုယ်စားလှယ်အဖွဲ့တစ်ခု ပါကစ္စတန်ကို မကြာခင်သွားရောက် စုံစမ်းစစ်ဆေးပြီး တွေ့ရှိရသည့်အခြေ အနေအရ နောက်ထပ်အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်အစိုးရကမူ ယခုလို အာဖဂန် သံတမန်များကို ပြန်ခေါ်သွားခြင်းမှာ ကံမကောင်းအကြောင်းမလှစွာနှင့် ဝမ်းနည်းဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ် ကြောင်း တုံ့ပြန်ထားသည်။


မျိုးဝင်း (ref;Reuters)






အခြားဆက်စပ်သတင်းများ