နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်သုံး ဂြိုဟ်တုသစ်များ လွှတ်တင်

ရှီးချန်း    ဇူလိုင်    ၂၀


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ် တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ စနစ်သုံး ဂြိုဟ်တုအုပ်စုတစ်ခုကို အောင် မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။ 


အဆိုပါဂြိုဟ်တုများကို ဂြိုဟ်ပတ် လမ်းကြောင်းများအတွင်းသို့ Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ Yaogan-30 အမျိုးအစားမှ ၁၀ ကြိမ်မြောက် အုပ်စု တစ်ခုဖြစ်သည့် ယင်းဂြိုဟ်တုများသည် multi-satellite    ဘက်စုံဂြိုဟ်တု ကွန်ရက်စနစ်ကိုအသုံးပြု၍   လျှပ်စစ် သံလိုက်ပတ်ဝန်းကျင်နှင့် ဆက်စပ်သော နည်းပညာများအား စစ်ဆေးခြင်းတို့ကို လေ့လာသွားမည်ဖြစ်ကြောင်း   သိရ သည်။ 


ယာဉ်ပေါ်တွင်  Tianqi  ဂြိုဟ်တု အုပ်စု၏      ဂြိုဟ်တုတစ်ခုဖြစ်သည့် Tianqi-15 သည် အင်တာနက် အကြောင်း အရာအချက်အလက်စုဆောင်းခြင်းများအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။    တရုတ်နိုင်ငံ Launch Vehicle Technology အကယ်ဒမီက ထုတ်လုပ်သည့်   Long March-2C သယ်ဆောင်ရေးဒုံးပျံသည် အလျား ၄၃ မီတာရှိပြီး အလေးချိန် ၂၄၂ တန် သယ်ဆောင်နိုင်ကြောင်း သိရသည်။


အဆိုပါဒုံးပျံသည်   အမြင့် ၅၀ဝ  ကီလိုမီတာတွင် ဆိုလာအချိန်ကိုက်ပတ် လမ်းသို့ ပစ္စည်းကိရိယာတန်ချိန်   ၂ တန်အား  ပို့လွှတ်နိုင်စွမ်းရှိကြောင်း သိရသည်။

 Long March-2C သယ်ဆောင်ရေး ဒုံးပျံသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ မှစ၍  မြင့်မားသောတိကျမှန်ကန်မှု၊ လွှတ်တင်ခြင်း ၁၀ဝ ရာခိုင်နှုန်းအောင် မြင်မှုနှင့်အတူ Yaogan-30 ဂြိုဟ်တု အုပ်စု ၁၀ ခုကို ဂြိုဟ်ပတ်လမ်းကြောင်း များအတွင်းသို့ အောင်မြင်စွာလွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။ 


မျိုးဝင်း(ref; Xinhua)






အခြားဆက်စပ်သတင်းများ