နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂေဟစနစ်ထိန်းသိမ်းရေး

ရာသီဥတုပြောင်းလဲမှုများတွင် ကမ္ဘာတစ်ဝန်းသစ်တော များပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့နှင့်  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှု များပြားလာခြင်း စသည့် အကြောင်းရင်းများကြောင့်ဖြစ်သည်။ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းက ထုတ်ပြန်သတိပေးထား သည်။


မြေကမ္ဘာကိုဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချ ရေးကို အသိပညာရှင်၊ အတတ်ပညာရှင်များက ဆွေးနွေး ညှိနှိုင်းအဖြေရှာနေကြသည်။ အိုဇုန်းလွှာသည် ကမ္ဘာမြေပြင် ပေါ်သို့ နေမှကျရောက်သည့်ဘေးအန္တရာယ်ရှိသော ခရမ်းလွန် ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည့် သဘာဝ အကာအရံဖြစ်သည်။ 


သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တောများ စသည်ဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင် သွားကြရမည်ဖြစ်သည်။ ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စ ပြုန်းတီးလာနေသည်။ လူတိုင်း၏ပယောဂကြောင့် အများဆုံး ဆုံးရှုံးနေရသည်။ သဘာဝဘေးအန္တရာယ် တောမီးလောင် ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရသည်။ မည်သို့ဆိုစေ သစ်တော ပြုန်းတီးမှုသည် သက်ရှိများရှင်သန်ရေးတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။


သို့သော်လည်း ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့ မြန်မာနိုင်ငံရှိ ဒီရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ် သစ်တော၊ အမြဲစိမ်းသစ်တောများ တစ်စတစ်စယိုယွင်းပျက်စီး လာနေသည်။ ယင်းကဲ့သို့ ပြုန်းတီးမှုများလာခြင်းက မြန်မာ နိုင်ငံ၏ ဂေဟစနစ်တစ်ခုလုံးအထိန်းအကွပ်မရှိ ပျက်စီးသွား နိုင်ပေသည်။


မြန်မာနိုင်ငံတွင် အပူပိုင်းမုတ်သုံမိုးသစ်တောများသည် ပျက်စီးမှုမရှိ သဘာဝအတိုင်းတည်ရှိနေသဖြင့် ကမ္ဘာပေါ်တွင် ထင်ရှားသောဒေသဖြစ်ခြင်း၊  ရှည်လျားသည့်ကမ်းရိုးတန်း ဒေသအတွင်း အမြဲစိမ်းသစ်တောများ၊ ဒီရေတောများနှင့် ဇီဝမျိုးကွဲများ ရှင်သန်လျက်ရှိသည်။


ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသယံဇာတ များ ပြန်လည်ဖွံ့ဖြိုးလာရန်အတွက် နိုင်ငံတော်က ဆောင်ရွက် လျက်ရှိသည်။ သစ်တောသစ်ပင်စိမ်းလန်းစိုပြည်လာသည်နှင့် အမျှ လူသားတို့မှီခိုအားထားရာ၊ အကျိုးပြုရာ သဘာဝပတ် ဝန်းကျင်လည်း ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်ပေကြောင်း ။      ။






အခြားဆက်စပ်သတင်းများ