နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနှင့် ဘယ်လ်ဂျီယံရေကြီးမှုသေဆုံးသူ ၁၇၀ ကျော်ရှိလာ

ကိုလိုနီ    ဇူလိုင်    ၁၉


ဂျာမနီအနောက်ပိုင်းနှင့် ဘယ်လ် ဂျီယံတွင် မိုးအကြီးအကျယ်ရွာသွန်းပြီး ရေကြီးသည့်အတွက် အိမ်များပြိုကျကာ လမ်းများ၊ ဓာတ်အားလိုင်းများ ပျက်စီး ခဲ့ရပြီး သေဆုံးသူများမှာ ၁၇၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ ဂျာမနီ တွင် ရေကြီးမှုကြောင့် သေဆုံးရသူ ၁၄၁ ယောက်ရှိနေပြီး ယခုဖြစ်ရပ်မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဝါးဆုံး သဘာဝ ဘေးခံရခြင်းဖြစ်သည်။


ကိုလိုနီမြို့တောင်ဘက် Ahrweiler ရပ်ကွက်တစ်ခုတည်းမှာပင်   သေဆုံး ရသူ ၉၈ ဦးရှိကြောင်း ရဲက ပြောသည်။ ရာချီပျောက်ဆုံးနေဆဲဖြစ်သည့် အချို့ နေရာများတွင် ရေလွှမ်းနေခြင်းကြောင့် အသွားအလာမလုပ်နိုင်ဘဲ အဆက် အသွယ်ပြတ်နေကြောင်း သိရသည်။ 


  ဂျာမနီသမ္မတ Frank-Walter Steinmeier ကမူ လူပေါင်း ၄၀ ထက် မနည်းသေဆုံးခဲ့ရသည့် North Rhine-Westphalia ပြည်နယ်သို့ သွားရောက် အားပေးစကားပြောကြားခဲ့ကာ Cologne မြို့နားရှိ ရေကာတာတစ်ခု ကျိုးပေါက် သွားသည့်အတွက် ဒေသခံ ၇၀ဝ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ 


ဘယ်လ်ဂျီယံနိုင်ငံ အရှေ့ပိုင်းတွင် လည်း ရေကြီးမှုကြောင့် သေဆုံးရသူ ၂၇ ယောက်ရှိနေပြီဟု   ဒေသတွင်း ကယ်ဆယ်ကူညီရေးလုပ်နေသူများနှင့် လက်တွဲဆောင်ရွက်နေသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဌာနက  ပြော သည်။ လူပေါင်း ၁၀ဝ ကျော်ကမူ ပျောက်ဆုံးနေကြောင်း  (သို့မဟုတ်)  အဆက်အသွယ်မရဘဲဖြစ်နေကြောင်း ယင်းက ပြောသည်။  


အလားတူအိမ်နီးချင်း နယ်သာလန် နိုင်ငံတွင်လည်း မြစ်ချောင်းများ စိုးရိမ်ရေမှတ်ကျော်နေခြင်းကြောင့် သတိပေး ချက်များထုတ်ပြန်ထားသည်။ 


ရဲခေါင် (Ref; BBC)






အခြားဆက်စပ်သတင်းများ