ဝါရှင်တန် ဇူလိုင် ၁၉
အမေရိကန်ပြည်ထောင်စုတွင်း ရွှေ့ပြောင်းအခြေချသူ လူငယ်တွေကို ဌာနေပြန်ပို့မည့်အရေးမှ ကာကွယ်ပေး ထားသည့်အစီအစဉ်မှာ တရားမဝင် ကြောင်း တရားသူကြီးတစ်ဦးက စီရင်ချက် ချလိုက်ခြင်းကို အမေရိကန်တရားရေး ဝန်ကြီးဌာနက အယူခံဝင်မည့်အကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။ ယခင် သမ္မတ Barack Obama က သမ္မတ၏ လုပ်ပိုင်ခွင့်ကိုသုံးပြီး အမေရိကန်ကို ကလေးဘဝတွင် တရားမဝင်ရောက်လာ သူများကို အကာအကွယ်ပေးသည့် အစီအစဉ်(DACA)ကို လုပ်ခဲ့ခြင်းမှာ တရားဥပဒေနှင့်မညီကြောင်း တက္ကဆက် ပြည်နယ်ရှိ အမေရိကန်ခရိုင်တရား သူကြီး Andrew Hanen က စီရင်ချက် ချခဲ့ခြင်းဖြစ်သည်။
တရားသူကြီး Hanen ၏ စီရင်ချက် သည် DACA အစီအစဉ်အရ အကာ အကွယ်ပေးထားပြီးသား ရွှေ့ပြောင်း အခြေချသူများအပေါ် သက်ရောက် ရိုက်ခတ်မှုမရှိသော်လည်း သိန်းချီသည့် ရွှေ့ပြောင်းအခြေချသူလူငယ်များ၏ အနာဂတ်ကိုမူ မရေမရာဖြစ်စေကြောင်း သမ္မတ ဘိုင်ဒင်က ပြောသည်။
အမေရိကန်ပြည်ထောင်စုသို့ ကလေးဘဝကတည်းက တရားမဝင် ရွှေ့ပြောင်းရောက်ရှိလာသူများ သို့မဟုတ် ပြည်ဝင်ခွင့်ဗီဇာနှင့်လာပြီး ရက်လွန် နေထိုင်နေကြသည့် သိန်းချီသည့်လူငယ် များကို DACA အစီအစဉ်အရ အမေရိကန် နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရစေ မည်ဖြစ်ကြောင်း သိရသည်။
ရဲခေါင် (Ref; BBC)