နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြင့်တက်လာသည့် COVID-19 ဖြစ်ပွားမှုများကြောင့် အင်ဒိုနီးရှား၌ သွားလာနေထိုင်မှုကို ကန့်သတ်မည်

ဂျကာတာ   ဇူလိုင်    ၁၉


နိုင်ငံအတွင်း COVID-19 ကူးစက် ရောဂါအသစ်ဖြစ်ပွားမှုများနှင့် စီးပွား ရေးပြိုလဲကာ ရုန်းရင်းဆန်ခတ်ဖြစ်နေ ချိန်တွင်  အင်ဒိုနီးရှားနိုင်ငံအနေဖြင့် COVID-19    ကန့်သတ်ချက်များကို ပြန်လည်လုပ်ဆောင်ရန်    စဉ်းစားနေ ကြောင်း   အင်ဒိုနီးရှားအကြီးတန်းဝန်ကြီး လူဟပ်ပန်ဂျပ်တန်က ပြောသည်။ 


အင်ဒိုကျွန်းများဖြစ်သည့် ဂျာမား၊ ဘာလီနှင့် ကျွန်းစုတလွှား အခြားမြို့ကြီး ၁၅ ခုတွင် ဈေးဝယ်စင်တာများပိတ်ထား ခြင်းနှင့် မရှိမဖြစ်လိုအပ်သော အလုပ် သမားများမှအပ ကျန်သူများအား အိမ်မှ အလုပ်လုပ်စေခြင်းအပါအဝင် သွားလာ နေထိုင်မှုကန့်သတ်တားဆီးမှုကို ဇူလိုင် လ ၂၀ ရက်တွင် အဆုံးသတ်တော့မည် ဖြစ်သည်။ 


ထို့ပြင်  ရက်အနည်းငယ်အတွင်း အစိုးရအနေဖြင့် ယင်း၏ဆုံးဖြတ်ချက် ကို ကြေငြာလိမ့်မည်ဖြစ်ပြီး အင်ဒိုနီးရှား ၏ နောက်ဆုံးခုနစ်ရက်အတွင်း ပျမ်းမျှ အချက်အလက်များအရ ပိုမိုပျံ့နှံ့လာ သည့် ဒယ်လ်တာမျိုးကွဲပျံ့နှံ့မှုမှာ ကမ္ဘာ ပေါ်ရှိ  မည်သည့်နိုင်ငံများထက်မဆို အင်ဒိုနီးရှားတွင် ပိုမိုမြင့်မားနေကြောင်း ဖော်ပြထားတာကို   တွေ့ရပါတယ်။ ထို့ပြင် သေဆုံးမှုအရေအတွက်မှာလည်း ဘရာဇီးပြီးလျှင် ဒုတိယနေရာမှာ ရှိနေ ကြောင်း သိရသည်။ 

မျိုးဝင်း (Ref; Reuters)






အခြားဆက်စပ်သတင်းများ