ပက်ရှ်ဝါ ဇူလိုင် ၁၉
ယခုရက်သတ္တပတ်အစောပိုင်းက တရုတ်အလုပ်သမား ၉ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့သည့် ဘတ်စ်ကားပေါက်ကွဲ ခဲ့သည့်နေရာသို့ တရုတ်စုံစမ်းစစ်ဆေး သူများနှင့် ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုတွင် ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း၌ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားတစ်စင်း ချောက်ထဲသို့ထိုးကျခဲ့ခြင်းဖြစ်သည်။ အစောပိုင်းက ဘတ်စ်ကားပေါက်ကွဲမှုကို စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်အဖြစ် ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ပေါက်ကွဲစေနိုင်သော သဲလွန်စများ တွေ့ရှိခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေကြောင်း ပြောကြားခဲ့ သည်။ ပါကစ္စတန်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ရိုက်တာသတင်းဌာန သို့ပြောကြားရာတွင် တရုတ်စုံစမ်း စစ်ဆေးသူများသည် ထိုနေရာတွင် အနီးကပ်လေ့လာရန် ၄ နာရီခန့်အချိန် ယူမည်ဟုမျှော်လင့်ရကြောင်း ပြော သည်။
ထို့ပြင် အခြားအဆင့်မြင့်အစိုးရအရာရှိနှစ်ဦးကလည်း ၎င်းခရီးစဉ်ကို အတည်ပြုခဲ့သည်။ တရုတ်နိုင်ငံသည် ပါကစ္စတန်၏ မဟာမိတ်နှင့် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ပါကစ္စတန် အစိုးရကိုဆန့်ကျင်သော စစ်သွေးကြွ များက ယခင်ကတည်းက တရုတ်စီမံ ကိန်းများနှင့် နိုင်ငံသားများကိုတိုက်ခိုက် ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။
ရဲခေါင် (Ref;Reuters)