နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရပြည့်ဝရေး မိခင်နို့ချိုတိုက်ကျွေးပေး

မြန်မာနိုင်ငံရှိ ၅၅ သန်းခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက် ကလေး ငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ် ကြသည်။ အနာဂတ်၏ သားကောင်းရတနာများသည် ယနေ့ ကလေးသူငယ်များသာဖြစ်သည်။     အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေး များ အမှန်ဖြစ်လာမည်။
ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များ အောင်မြင်ရေး အတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျသည်။ မိခင်များ ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။ သတ္တဝါ မှန်သမျှသည် အာဟာရပေါ်တွင် တည်မီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်းမရှိပေ။ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို နေရာဒေသတိုင်း လွှမ်းခြုံမှု အထူးမြင့်မားစေရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးလုပ်သား များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများက တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်သည်။
မွေးဖွားလာသော ကလေးငယ်များ မွေးစခြောက်လအရွယ် အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် လိုအပ်သည်။ မိခင်နို့ဆိုသည်မှာ ကလေးအတွက် အာဟာရပြည့်စုံပြီး မှန်ကန်တဲ့ အချိန် မှန်ကန်သော အပူချိန်မှာ တစ်ခါတည်း တိုက်ကျွေးနိုင်သော သဘာဝနည်းလမ်းတစ်ခုပင် ဖြစ်သည်။ မိခင်ကလေးမွေးပြီးချိန် မှာ နို့တိုက်ခြင်းကြောင့် မိခင်က ရရှိသော အကျိုးကျေးဇူးများစွာရှိ သည်။ မိခင်က သူ့မွေးစကလေးလေးကို နို့တိုက်ခြင်းကရရှိသော ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ စိတ်ကျေနပ်မှုတို့အပြင် ကျန်းမာရေးအတွက် အထောက်အကူပြုစေသည်။
ရင်သွေးငယ်များ အာဟာရချို့တဲ့မှုကြောင့် အသက်မဆုံးရှုံး စေရေးနှင့် အာဟာရပြည့်ဝရေးတို့အပြင် ရင်သွေးငယ်၏ ဖွံ့ဖြိုး တိုးတက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည့် စရိုက်ကျဉ်းသော မိခင် နို့ စနစ်တကျတိုက်ကျွေးခြင်း၊ ကလေးငယ်များကို စနစ်တကျ အစာကျွေးခြင်းတို့သည်  အနာဂတ်တွင်  ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် သားသမီး ကောင်း ရတနာများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်သည်။
ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ကျန်းမာသော မိခင်များဖြစ် လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာ စားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုက်အဝန်းများကပါ အထူးဂရုပြုဆောင်ရွက်ပေးကြရ မည်ဖြစ်ပါကြောင်း။






အခြားဆက်စပ်သတင်းများ