ဘေကျင်း၊ ဇူလိုင် ၁၈
တရုတ်နိုင်ငံ၏ အမျိုးသားကာဗွန် ဈေးကွက် အွန်လိုင်းအရောင်းအဝယ် ကို သောကြာနေ့နံနက်က စတင်ခဲ့ပြီး တိုင်းပြည်၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ ချရန်နှင့် ထုတ်လွှတ်မှုရည်မှန်းချက် များပြည့်မီစေရေးအတွက် အကူအညီ ဖြစ်ရန်အတွက် ခြေလှမ်းဖြစ်ကြောင်း သိရသည်။
ပထမအဆင့်တွင် တစ်နှစ်တန်ချိန် ၄ ဘီလီယံ ကျော်ထုတ်လွှတ်သော စွမ်းအင် ကုမ္ပဏီ ၂၀ဝ၀ ကျော် ပါဝင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကာဗွန်ဈေးကွက်မှာ ဖန် လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ အရ ကမ္ဘာ့အကြီးဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်သုညမှတ် ရောက်ရှိရေး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုအား လျှော့ချမှု မြှင့်တင်ရန်အတွက် ဈေးကွက်ရှာဖွေရေး ကို မက်လုံးပေးကာ အသုံးပြုနေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ဂေဟဗေဒ နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ယခု နှစ်အတွက် ကာဗွန်ထုတ်လွှတ်မှု စုစု ပေါင်းပမာဏ သတ်မှတ်မှုအပေါ်တွင် မူတည်ကာ ကုမ္ပဏီများက ကာဗွန် ထုတ်လွှတ်ခွင့်ကိုယ်တာကို လက်ခံ (သို့မဟုတ်ဝယ်ရမည် ဖြစ်သည်။
ပထမဦးဆုံး သဘောတူညီမှုအ ရောင်းအဝယ်မှာ ကာဗွန် တစ်တန်လျှင် ယွမ် ၅၂ ဒသမ ၇၈ (ဒေါ်လာ ၈ ဒသမ ၁၆) ဈေးဖြင့် တန်ချိန် တစ်သိန်းခြောက် သောင်း စုစုပေါင်း ယွမ် ၇ ဒသမ ၉ သန်းဖိုး ကုန်သွယ်မှုဖြစ်ခဲ့ကြောင်း သိရ သည်။ ရဲခေါင် (ref; Reuters)