နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီကို စစ်ရေးအရ ပတ်သက်မည်မဟုတ်ကြောင်း အမေရိကန် အကြောင်းပြန်

ဝါရှင်တန်၊  ဇူလိုင် ၁၈

ဟေတီအရေးတွင် အမေရိကန်က စစ်ရေးအရ ပါဝင်ပတ်သက်မည် မ ဟုတ်ကြောင်းနှင့် ဟေတီနိုင်ငံ Port-au-Prince မြို့တော်ရှိ အမေရိကန်သံ ရုံး လုံခြုံရေးအတွက်သာ တပ်များစေ လွှတ်ရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

ဟေတီအနေဖြင့်   အမေရိကန် သံရုံးကို အမေရိကန်ရေတပ်သားများ စေလွှတ်ရန်ရှိကြောင်း ဂျာမနီ ဝန်ကြီး ချုပ် Angela Merkel နှင့်အတူ သမ္မတအိမ်ဖြူက ပူးတွဲသတင်းစာရှင်း လင်းပွဲတွင်  သတင်းထောက်များ၏ အမေးကို သမ္မတက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဟေတီသမ္မတ Jovenel Moise သည် ဇူလိုင်လ ၇ ရက်နေ့က Port-au-Prince ရှိ နေအိမ်တွင် သေနတ်သမား များ လုပ်ကြံခံရပြီး  သေဆုံးခဲ့ရခြင်း ဖြစ် ကာ သမ္မတကတော် Martine Moise ကမူ အသက်မသေဘဲ ဒဏ်ရာရခဲ့ပြီး ဖလော်ရီဒါပြည်နယ်၊ မီယာမီတွင် ခွဲစိတ် ကုသမှုခံယူခဲ့ရခြင်း ဖြစ်သည်။
ဟေတီသမ္မတ  လုပ်ကြံခံရသည့် အ တွက် သမ္မတဘိုင်ဒင်က ရှုတ်ချခဲ့ သလို ယင်းလုပ်ကြံမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရာတွင် အကူအညီပေး ရန် အမေရိကန် အထူးကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေး ကောင်စီက လည်း ဟေတီကို ကုလရဲတပ်သားများ သို့မဟုတ် ကုလငြိမ်းချမ်းရေးထိန်းတပ် များ စေလွှတ်ရန် အတည်ပြုချက်ပေး ထားသည်။   
ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ