ဝါရှင်တန်၊ ဇူလိုင် ၁၈
ဥရောပနှင့် အမေရိကန်ရှိ ကာကွယ် ရေး၊ လေကြောင်း၊ အာကာသယာဉ်နှင့် ဒုံးပျံများ တီထွင်ထုတ်လုပ်သည့် လုပ် ငန်းမှ ဝန်ထမ်းများကို ပစ်မှတ်ထားသည့် အီရန်အခြေစိုက် လျှို့ဝှက်စုံစမ်းထောက် လှမ်းမှုတစ်ခုကို ဟန့်တားခဲ့ကြောင်း Facebook က ထုတ်ပြန်ခဲ့သည်။
လိမ်လည်လှည့်ဖြားမှု ပစ်မှတ်ထား ၍ လုပ်ဆောင်ရာတွင် အကောင့်တု များဖြင့် ကုမ္ပဏီအလုပ်ခန့်အပ်ပေးသူ များ သို့မဟုတ် ဝန်ထမ်းရှာဖွေသူများ အဖြစ် ပိုစ့်များတင်နေသည်ဟု ဆိုက် ဘာ လျှို့ဝှက်ထောက်လှမ်းမှု စုံစမ်း စစ်ဆေးရေးအကြီးအကဲ မိုက်ဗီလ်ယန် စကီက ပြောကြားခဲ့သည်။
ဆိုက်ဘာ လျှို့ဝှက်ထောက်လှမ်း သည့် လှုပ်ရှားမှုတွင် အသုံးပြုနေသော အချို့ အဖျက်ကုဒ်များကို အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့်ဆက် နွှယ်နေသည့် တီဟီရန်မြို့တော်ရှိ Mahak Rayan Afraz နည်းပညာ ကုမ္ပဏီ ကတီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဗီလ်ယန်စကီက ပြောကြား ခဲ့သည်။
ကာကွယ်ရေး သို့မဟုတ် လေယာဉ်၊ အာကာသယာဉ်နှင့်ဒုံးပျံများ တီထွင် ထုတ်လုပ်သည့်နယ်ပယ်မှ ဝန်ထမ်းများ ကို လိမ်လည်လှည့်ဖြားရန် အသုံးပြုနေ သည့် အကောင့်ပေါင်း ၂၀ဝ ကို ဖယ်ရှား ခဲ့ကြောင်း ၊ လိမ်လည် လှည့်ဖြားသည့် အတု အယောင်များသည် Facebook အသုံးပြုသူ ၂၀ဝ ခန့်တွင် ပေါ်ပေါက် တွေ့ရှိရပြီး ယင်းအသုံးပြုသူများက လည်း ၎င်းတို့ကို လိမ်လည်လှည့်ဖြား သည့် အတုအယောင်များဟုသိရှိခဲ့ကြ သည်ဟု Facebook က ဆိုသည်။
Facebook သည် လူမှုကွန်ရက်တွင် မျှဝေထားသည့် လိမ်လည်လှည့်ဖြား သည့် ထောင်ချောက်ဆင်ထားသော ဝက်ဘ်ဆိုဒ်လင့်များကိုလည်း ဖယ်ရှား ပိတ်ပင်နေသည်ဟု အမှုဆောင်များက ပြောသည်။ မျိုးဝင်း (Ref; AFP)