ဘရပ်ဆဲလ်၊ ဇူလိုင် ၁၈
ဥရောပတိုက် နေရာအများအပြား တွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ် ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကာ ရေဘေးကြောင့်သေ ဆုံးသူ ၁၀ဝ ကျော်ရှိကြောင်း သတင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရ သည်။
ရေဘေးဒဏ် အဆိုးဝါးဆုံးဖြစ်ပွား သည့် ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် ဇူလိုင် ၁၆ ရက်၊ နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁၀၃ ဦး ရှိကြောင်း၊ ၎င်းတို့ အနက် Rhineland-Palatinate ပြည်နယ်တွင် အသက်သေဆုံးသူ ၆၀ ခန့်ရှိပြီး North Rhine-Westphalia ပြည်နယ်တွင် ၄၃ ဦး ရှိကြောင်း သိရ သည်။
ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးချက်ထုတ်ပြန်ခဲ့ရာ လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ရန် စေလွှတ်ထားသည့် စစ်သား ၈၅၀ ကျော်ရှိကြောင်း ဂျာမနီ သတင်း မီဒီယာများ၏ ဇူလိုင် ၁၆ ရက် ဖော်ပြ ချက်များအရ သိရသည်။
ဂျာမနီနိုင်ငံနှင့် နီးကပ်သည့် လူဇင် ဘတ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန် စသည့်နိုင်ငံများရှိ အချို့ဒေသများတွင် ရေဘေးအန္တရာယ် ခံစားခဲ့ရကြောင်း သိရသည်။ လူဇင်ဘတ်နိုင်ငံတွင် ဇူလိုင် ၁၄ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၈၀ဝ ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။
လူဇင်ဘတ်နိုင်ငံအစိုးရက ဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးတွင် အသုံးပြုရန် ယူရိုငွေ သန်း ၅၀ ကို ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယမ်နိုင်ငံတွင် ရေဘေးကြောင့် သေဆုံးသူ ၁၄ ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ ၄ ဦး ရှိပြီး နေ အိမ်အမြောက်အမြား ပျက်စီးခဲ့ ကြောင်း နှင့် နေအိမ်ပေါင်း ၂၁,ဝ၀ဝ ခန့်တွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။
ရေဘေးကြောင့် အသက်ဆုံးရှုံးသူ များ၏ မိသားစုဝင်များနှင့် ရေဘေး ဒဏ်သင့်သူများအား ဝမ်းနည်းနှစ်သိမ့် ကြောင်း၊ ဥရောပသမဂ္ဂမြို့ပြ ကာကွယ် စောင့်ရှောက်မှုယန္တရား စတင်ခြင်း အပါ အဝင် ကူညီဆောင်ရွက်မှုများပြုလုပ်ရန် အသင့်ရှိကြောင်း ဥရောပ ကော်မရှင် ဥက္ကဋ္ဌက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရဲခေါင် (ref; BBC)