ဘေကျင်း၊ ဇူလိုင် ၁၇
ဒုတိယသုံးလအတွင်း တရုတ်စီးပွား ရေးသည် မျှော်လင့်ထားသည်ထက် ပိုမိုနှေးကွေးလာကြောင်း နိုင်ငံ့စီးပွား ရေး ကိန်းဂဏန်း တရားဝင်စာရင်းများ ထုတ်ပြန်ချက်အရ သိရသည်။
နှေးကွေးသော ကုန်ထုတ်လုပ်မှု တိုးတက်ခြင်း၊ ကုန်ကြမ်းဈေးနှုန်းမြင့် မားခြင်းနှင့် Covid-19 ကူးစက်မှုသစ် များဖြစ်ပွားခြင်းတို့သည် စီးပွားရေးနာ လန်ထမှုကို ဖိစီးနေပုံရကြောင်း စီးပွား ရေးပညာရှင်အချို့က သုံးသပ်ထား သည်။
တိုးတက်မှုနှုန်းသည် ဇန်နဝါရီ-မတ် ၃ လက စံချိန်တင်ခဲ့သည့် ၁၈ ဒသမ ၃ ရာခိုင်နှုန်းအောက် သိသိသာသာ ကျကာ နှစ်အလိုက်တိုးတက်မှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ပထမ ၃ လက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအတွင်း ကျဆင်းမှုကြောင့် ပုံမှန်အနေအထားဖြင့် တွက်ချက်မရတော့ကြောင်း စာရင်း တွင် ဖော်ပြထားသည်။ ကမ္ဘာ့ ဒုတိယ အကြီးမားဆုံးဖြစ်သော တရုတ်စီးပွား ရေးသည် ပို့ကုန်ဝယ်လိုအားနှင့် မူဝါဒ အထောက်အကူကြောင့် ကိုဗစ်နိုင်တင်း အကျပ်အတည်းမှ အခိုင်အမာပြန်လည် နာလန်ထခဲ့သော် လည်း မကြာသေးမီလများအတွင်း အချက်အလက်များအရ အရှိန်အဟုန် ကျဆင်းနေကြောင်း ပြသနေသည်။
မြင့်မားသော ကုန်ကြမ်းဈေးနှုန်း၊ ကုန်ကြမ်းပေးသွင်းမှု မလုံလောက် ခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်း ချုပ်ခြင်းများက စက်မှုလုပ်ငန်းများကို ဖိစီးစေပြီး အသေးစား ကိုဗစ်-၁၉ ပြန်လည် ဖြစ်ပွားမှုများကလည်း စား သုံးသူ အသုံးစရိတ်ကို မသုံးရဲအောင် ဖြစ်စေသည်။
တရုတ်ဗဟိုဘဏ်က ဘဏ်များတွင် ထားရှိရမည့် အရန်ငွေကြေးကို လျှော့ချ ပေးမည်ဟု လွန်ခဲ့သော အပတ်က ကြေညာခဲ့သောကြောင့် ရင်းနှီးမြှုပ်နှံ သူများသည် ဗဟိုဘဏ်၏ နောက်ဆုံး မူဝါဒကြေညာချက်ကို စောင့်နေကြ သည်။
မျိုးဝင်း (ref; Xinhua)