ဘာလင်၊ ဇူလိုင် ၁၇
ဂျာမနီနိုင်ငံ အနောက်ပိုင်း ရိုင်း လန်း- ပလာတီနိတ်ပြည်နယ်တွင် မိုး သည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့သ ဖြင့် နေအိမ် ၆ လုံးပြိုကျကာ လူ ၃၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ ပြည်သူ့အသံလွှင့် ရုပ်သံလွှင့်ဌာနက ပြောကြားသည်။
ဗုဒ္ဓဟူးနေ့ညက ပြိုကျခဲ့သော ယင်း ဖြစ်စဉ်ကိုအခြေခံ၍ ဒေသခံရဲတပ်ဖွဲ့အီဖေးလ်ကုန်းမြင့်ဒေသရှိ ရှိက်ဘီအဒီနယ် ခရိုင်တွင်လည်း နောက်ထပ် အိမ်ခြေ ၂၅ လုံးမှာ ထပ်မံပြိုကျနိုင်သည့်အန္တရာယ် ကြုံလာနိုင်ကြောင်း ပြောသည်။
ရာသီဥတုအခြေအနေကြောင့် ရေ ကြီးမှုကြုံစေခဲ့ပြီး မီးသတ်သမား နှစ်ဦး ရေနစ်သေဆုံးခဲ့သဖြင့် ဒေသခံများကို ကူညီမှုပေးရန် စစ်တပ်များ ချထားခဲ့ သော်လည်း ပြိုကျခဲ့သည့် အိမ်တွင် မိသားစု ၅ ဦးစလုံးပါသွားကာ အဆိုပါ အိမ်မှာ ရေပတ်လည် ဝိုင်းနေခဲ့ကြောင်း အဆိုပါခရိုင်၏ ပြောရေးဆိုခွင့်ရှိသူက SWR ရုပ်သံလွှင့်ဌာန သို့ ပြောကြားသည်။
အိုးလ်တန်နာရှိ အချို့ဒေသခံများ မှာမူ နေအိမ်ခေါင်မိုးပေါ်တက်ကာကယ် ဆယ်မှုကို စောင့်ဆိုင်းခဲ့ကြပြီး ရထား လမ်း၊ ကားလမ်းနှင့် မြစ်ကြောင်း သယ် ယူပို့ဆောင်ရေးများ ပြတ်တောက် ကုန် သဖြင့် ရိုင်းမြစ်အတွင်း သင်္ဘောသွား လာမှုကို ယာယီရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။ မျိုးဝင်း (Ref : Xinhua)