တိုကျို၊ ဇူလိုင် ၁၇
ပြည်ပမှ အားကစားသမားတစ်ဦး သည် အိုလံပစ်အားကစားပွဲမတိုင်မီ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာပြီး နောက် စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ပိုး တွေ့ရှိခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။
အဆိုပါ အားကစားသမားကို နိုင်ငံတွင်းရောက်ရှိပြီးနောက် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကို ၁၄ ရက်ကြာ သီးခြားခွဲထား၍ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့် အားကစားသမားများ နေထိုင်ရာနေရာသို့ မဝင်ရသေးကြောင်း ၂၀၂၀ တိုကျိုအိုလံပစ် အားကစားပွဲဖြစ် မြောက်ရေးကော်မတီက ပြောကြား ခဲ့သည်။
ယင်းမှာ ပွဲဖြစ်မြောက်ရေးကော်မတီ က စီစဉ်ထားသည့် အဆောက်အဦ သို့ သွားရောက်ရာတွင် သို့မဟုတ် နေ ထိုင်စဉ် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ သော ပထမဆုံး ပြည်ပအားကစား သမားတစ်ဦး ဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေအပေါ် ပွဲဖြစ် မြောက်ရေးစီစဉ်သူများ အနေဖြင့် အခြေအနေအသေးစိတ် အချက်အလက် ကို ထုတ်ပြန်ပြောကြားခြင်း မရှိကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ၏ အိုလံပစ်ဂျူဒိုအ သင်း နေထိုင်သည့် ဂျပန်နိုင်ငံဟိုတယ် တစ်ခု၌ ဝန်ထမ်း ၈ ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ရုရှားနိုင်ငံ ၏ ရက်စ်ဘီ ခုနှစ်ယောက်တွဲအသင်းမှ အသင်းအဖွဲ့ဝင် ဝန်ထမ်းတစ်ဦး ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
ရဲခေါင် (ref;AFP)