ဝါဆော၊ ဇူလိုင် ၁၇
ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏ အစိုးရအနေဖြင့် အသက် ၁၂ နှစ် အောက် ကလေးများ အတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ကပ်ရောဂါသည် ကြီးမားသောကြေ ကွဲဝမ်းနည်းဖွယ်ဖြစ်ကြောင်းနှင့် ကာ ကွယ်ဆေးများက အတိတ်တွင်အသက် ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ ကြောင်း ပိုလန်နိုင်ငံ အနောက်ပိုင်း Kalisz မြို့တွင် ပြုလုပ်သည့် အခမ်း အနားတစ်ခုတွင် Morawiecki က ပြော ကြားသည်။
ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့် တရားဥပဒေစိုးမိုးရေးပေါ် အခြေခံထား သည့် ပါတီ၏ ရှေးရိုးစွဲ စက်ဝိုင်းအတွင်း အငြင်းပွားဖွယ်ဖြစ်နေကြောင်း ယင်း ပါတီကိုယ်စားပြု Morawiecki ကပြော သည်။
ဇူလိုင် ၁၄ ရက်အထိ ပိုလန်နိုင်ငံ လူဦးရေ ၃၈ သန်း၏ ၃၇ ဒသမ ၄၃ ရာခိုင် နှုန်း သည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ကြောင်း၊ လတ်တလော ကာ ကွယ်ဆေးထိုးနှံမှု မှတ်ပုံတင်ခြင်းလျော့ ကျမှုကို တားဆီးရန် အစိုးရအနေဖြင့် ထီစနစ်ကို မိတ်ဆက်ထားပြီး ကာကွယ် ဆေးထိုးနှံမည့်သူများအတွက် ငွေကြေး နှင့် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲခေါင် (ref; BBC)