လူတို့သည် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရသော အလုပ်တို့၌ အဆင်ပြေသည်လည်းရှိသည်။ အဆင်မပြေသည်လည်း ရှိသည်။ အချို့မှာ အဆင်မပြေပြေ တည်တည်ငြိမ်ငြိမ်လုပ်ကိုင်သွားနိုင်ကြ သော်လည်း အချို့မှာ အဆင်မပြေကြပါ။ ထိုအခါ စိတ်ဖိစီးမှုများ ဖြစ်ရပါသည်။
လူတိုင်းလူတိုင်းသည် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်း ဖြည်း လျှော့ချနိုင်လျှင် ကောင်းမှန်းသိသည်။ သို့သော် အချိန် ရှိ သရွေ့ဟိုဟာလိုချင် ဒီဟာလိုချင်နေသည်က ခက်၏။ ဒေါသမီး တောက်နေ၏။ ထိုနည်းတူ မောဟကြီးသူများလည်း မောဟ အလျောက်တွေဝေနေတတ်၏။
လူသည် သောကတည်းဟူသော စိတ်ဖိစီးမှုနှင့်မကင်းနိုင်ကြ ပါ။ အနည်းနှင့်အများလူတိုင်းတွင် သောကရှိပါသည်။ အနည်းငယ် မျှသော သောက(ဝါ)စိတ်ဖိစီးမှုသည် လူတို့အတွက် မပြောပ လောက်သော်လည်း ကြီးမားသောစိတ်ဖိစီးမှုနှင့် ကြုံတွေ့ရသော အခါ အသက်အန္တရာယ်ခြိမ်းခြောက်တတ်သည်။ ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်ကြောင့် ကြံမိကြံရာတတ်ကြသည်။
အဆင်မပြေမှုများစုပြုံလာသည့်အခါတွင် စိတ်ထွက်ပေါက်ကို အမြန်ဆုံးဖွင့်ပေးသင့်၏။ စိတ်ပြေရာပြေကြောင်း ပြုလုပ်ပေးခြင်း သည် စိတ်ထွက်ပေါက်ဖွင့်ပေးခြင်းပင်ဖြစ်၏။ စိတ်ထွက်ပေါက် ရှာခြင်းကို အချို့က ဓမ္မနည်းလမ်းအရသော်လည်းကောင်း၊ အချို့က ပျော်ရွှင်ဖွယ်ရာအမှုတို့ကို ပြုခြင်းအားဖြင့်သော်လည်းကောင်း၊ စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။
ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်းကြောင့် လူများစိုးရိမ်ထိတ်လန့်နေကြသည်။ လူမှုကွန်ရက်ပေါ်တွင် အနိဋ္ဌာရုံများ တွေ့မြင်နေရသည်။ စည်းကမ်းလိုက်နာမှု၊ အသိ သတိကင်းမဲ့မှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းမြင့် တက်နေသည်။
လောက၌ လူတိုင်းသည် အသိတိရားရှိကြ၍ ထိုအသိတရား အတိုင်း သတိပြုကျင့်ကြံနေထိုင်သွားခဲ့ပါမူ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ ဖွံ့ဖြိုးခြင်းဟူသော အကြောင်းတရားအရ ကောင်းကျိုး ချမ်းသာကို ရရှိစေ၏။ သို့သော် ဤလောကကြီး၌ မှီတင်းနေထိုင်ကြသော လူသားအားလုံးတို့သည်။ အသိတရားရှိ ကြသည်မဟုတ်၊ အသိတရားရှိသူနှင့် အသိတရားမရှိသူဘယ်အရာ က ပိုများသနည်းဆိုလာချေသော် အသိတရားမရှိသူတို့က အများအပြားပင်ရှိ၏။ အသိတရားများပေါ် ဆင်ခြင်ကျင့်ကြံ အားထုတ်မည်ဆိုပါက ဘဝတစ်လျှောက်လုံးသည် တိုးတက်နေ သည်ဟု ဆိုချင်ပါကြောင်း။ ။