နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးလှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ

ရန်ကုန် ဧပြီ ၁ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် နယ်မြေအလိုက်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဧပြီ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များသည် (၁၆)ရပ်ကွက်၊ ဆရာစံလမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ခင်လွင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းမပေါ်၌ ဝေလုနှင့် ကိုရဲ(ခ)ရဲမင်းနိုင် တို့(၂)ဦးထံမှ အရိုးအသွား(၂၇)လက်မခန့်ရှိ ဓားရှည်တစ်ချောင်းနှင့် ၁၂ နာရီခွဲခန့်တွင် (ထ/၁၆)ရပ်ကွက်၊ အောင်မေတ္တာလမ်းမပေါ်၌ အောင်မျိုးဦးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ၁၂ နာရီ ၄၅ မိနစ်တွင် တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားလမ်းမပေါ်၌ ဇော်ဇော်(ခ)ကိုဇော်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ