နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခိုးယူရောင်းစားခံရတဲ့ ရင်သွေးကို ၂၄ နှစ်အကြာ မိဘပြန်တွေ့

ရှန်ဟိုင်း၊  ဇူလိုင် ၁၆ 


တရုတ်နိုင်ငံတွင် လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရသည့် ကလေးငယ် တစ်ယောက်မှာ အသက် ၂၆ နှစ် အရွယ် ရောက်မှ မိဘအရင်းများနှင့် ပြန်လည် ဆုံစည်းခွင့်ရရှိခဲ့ကြောင်း သိရသည်။


မိဘနှစ်ပါးပျောက်ဆုံးခဲ့သည့် ယင်း တို့၏ သားငယ်လေးကို တောက်လျှောက် ရှာဖွေနေခဲ့ရာမှ နောက်ဆုံးတွင် ရဲတပ်ဖွဲ့ ၏ အကူအညီနှင့် ပြန်လည်ပွေ့ဖက် ဆုံ စည်းခွင့် ရရှိခဲ့သည်။ တရုတ်နိုင်ငံအရှေ့ ပိုင်း ရှန်တုံပြည်နယ်တွင်နေထိုင်သည့် Guo Gangtang နှင့် ဇနီး Zhang Wenge တို့၏  အသက် ၂ နှစ်ခွဲအရွယ် သားငယ်မှာ အိမ်ရှေ့တွင် ကစားနေစဉ် အမျိုးသမီးတစ်ဦးနှင့် ယင်း၏ ချစ်သူ အမျိုးသားတို့က ခိုးယူပြီး နိုင်ငံအလယ် ပိုင်းရှိ ဇနီးမောင်နှံဆီသို့ ရောင်းစားခဲ့ ခြင်း ဖြစ်သည်။


ယင်းနောက် ဖခင်ဖြစ်သူ Guo သည် သားငယ်ကို ပြန်လည်ရှာဖွေတွေ့ရှိရန် အတွက် နိုင်ငံအနှံ့ဆိုင်ကယ်စီးပြီး လိုက် ရှာခဲ့သော်လည်း မတွေ့ခဲ့ကြောင်း၊ အ ဆိုပါကလေးငယ်ကို ပြန်တွေ့ပြီးနောက် ခိုးယူခဲ့သူကိုရော ဝယ်ယူမွေးစားခဲ့သူ ဇနီးမောင်နှံကိုပါ ဖမ်းဆီးခဲ့ကြောင်းသိရ သည်။ တရုတ်နိုင်ငံတွင် ကလေးတစ်ဦး သာ မွေးဖွားခွင့်ရှိသည့်အတွက် ကလေး ငယ်များကို ခိုးယူခဲ့ကြခြင်းများ မကြာ ခဏ ဖြစ်ပွားလျက်ရှိသည်။

မျိုးဝင်း(ref; BBC)






အခြားဆက်စပ်သတင်းများ