နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန် ငြိမ်းချမ်းရေးညီလာခံကို ဇူလိုင် ၁၇ ရက်တွင် ပါကစ္စတန်၌ လက်ခံကျင်းပမည်

အစ္စလာမ်မာဘတ်၊  ဇူလိုင် ၁၆


အာဖဂန်နစ္စတန်နိုင်ငံရှိ နိုင်ငံရေး ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ညီလာခံတစ်ခုကို ကျင်းပရန်အတွက် ပါကစ္စတန်နိုင်ငံက စီစဉ်နေကြောင်း သိရသည်။


ယင်းသည် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံထဲမှ ရုတ်သိမ်းနေ စဉ်တွင် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။ အမည်မဖော်လိုသည့် ပါကစ္စတန် ထိပ်တန်းအရာရှိများ၏  ပြောဆိုချက် အရ  အဆိုပါ ညီလာခံကို ဇူလိုင် ၁၇ ရက် မှ ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ် ပြီး အာဖဂန်နိုင်ငံရေး ခေါင်းဆောင်အ တော်များများ တက်ရောက်ကြလိမ့်မည် ဖြစ်ကြောင်း သိရသည်။


ရေရှည်တည်တန့်သည့် အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် သဘောတူညီမှုရရှိရေးကို အာဖဂန်များ က ကိုယ်တိုင်တာဝန်ယူကြရမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်က ပြောသည်။


အာဖဂန်စစ်ပြေး ဒုက္ခသည်ပေါင်း သုံးသန်းကျော်သည် အာဖဂန်နစ္စတန် နိုင်ငံတွင် ခိုလှုံနေထိုင်နေကြကြောင်း သိရသည်။               မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ