ကဘူးလ်၊ ဇူလိုင် ၁၆
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိ ကန်တပ်များ အပြီးတိုင် ပြန်ရုပ်သိမ်း ခြင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်အတွက် မှား ယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်း George W. Bush က ပြောကြားလိုက်သည်။
အမေရိကန်တပ်များကို ပြန်ရုပ်သိမ်း လိုက်ပြီးသည့်နောက် အာဖဂန်နိုင်ငံ အတွင်း တာလီဘန်များ တကျော့ပြန် စိုးမိုးလာနိုင်ပြီး ပြန်ပေါ်လာနိုင်သည့် တာလီဘန်များ၏ တင်းကြပ်သည့် အုပ် ချုပ်မှုကိုရင်ဆိုင်ရမည့် အမျိုးသမီးနှင့် ကလေးငယ်များ၏ ကံကြမ္မာအတွက် စိုးရိမ်မိကြောင်းလည်း သမ္မတဟောင်း Bush က ပြောသည်။
သမ္မတ George W. Bush လက် ထက်ဖြစ်သည့် ၂၀၀၁ ခုနှစ်တွင် အမေရိ ကန်နိုင်ငံတွင်း လူထောင်ချီ သေဆုံးခဲ့ရ သည့် အယ်လ်ခိုင်းဒါး အကြမ်းဖက်အုပ် စု၏ 9/11 တိုက်ခိုက်မှုအပြီး အာဖဂန် နိုင်ငံတွင် ခြေကုပ်ယူနေသည့် အယ်လ် ခိုင်းဒါးများကို ရှင်းလင်းရန် သမ္မတ Bush က အမေရိကန်တပ်များကို စတင် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အာဖဂန်၏အခြေအနေကို ကြည့်လျှင် တာလီဘန်တပ်များက နယ်မြေဒေသကြီးများကို သိမ်းပိုက်လာ ခြင်းကြောင့် သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အမေရိကန်တပ်များအားလုံး ပြန်ရုပ် သိမ်းမည်ဆိုသည့် ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း ယင်းကဆက်ပြော သည်။
သမ္မတဟောင်း Bush သည် အိမ်ဖြူ တော်မှ အနားယူခဲ့သည့် ၂၀၀၉ ခုနှစ် နောက်ပိုင်း အမေရိကန်သမ္မတ ၃ ဆက် လက်ထက်အတွင်း ယခုကဲ့သို့ မှတ်ချက် ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ရဲခေါင် (ref;Reuters)