ဘန်ကောက်၊ ဇူလိုင် ၁၆
ထိုင်းနိုင်ငံအတွင်း ကာကွယ်ဆေး ပံ့ပိုးမှု အာမခံချက်ရှိစေရန်အတွက် ပြည်တွင်းထုတ် AstraZeneca ကိုဗစ် ကာကွယ်ဆေး တင်ပို့မှုကို ထိန်းချုပ်ရန် အစိုးရက ချိန်ဆလျက်ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦး က ပြောကြားသည်။
အရှေ့တောင်အာရှနိုင်ငံများက ထိုင်းနိုင်ငံထုတ် AstraZeneca Covid ကာကွယ်ဆေးရရှိရေး ကြိုတင်ခန့်မှန်း ထားကြရာ တင်ပို့မှု ကန့်သတ်ထိန်းချုပ် ခြင်းက ယင်းနိုင်ငံများ၏ Covid ကာ ကွယ်ဆေးပံ့ပိုးမှုအပေါ် သက်ရောက် နိုင်ကြောင်း သိရသည်။
ကာကွယ်ဆေး တင်ပို့ခြင်း၊ ထိန်းချုပ် ကန့်သတ်မှုဆိုင်ရာ မူကြမ်းကို ကာကွယ် ဆေးကော်မတီက သဘောတူညီပြီး ဖြစ်သော်လည်း ယင်းမူဝါဒ၏ သက် ရောက်မှုအပေါ် အခြားဌာနများက သုံးသပ်ချိန်ဆရန် လိုအပ်နေသေးခြင်း ကြောင့် အမိန့်ကြေညာချက် မထုတ်ပြန် သေးကြောင်း Nakorn Premsri ၏ ပြောကြားချက်အရ သိရသည်။
တင်ပို့မည့် ကန့်သတ်ချက် ပမာဏ ကိုမူ ယင်းအနေဖြင့် ထုတ်ဖော်ပြော ကြားခြင်းမရှိကြောင်း သိရသည်။
ဇွန်လမှစ၍ ထိုင်းနိုင်ငံတွင် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုများ ကျယ်ကျယ် ပြန့် ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ၏ လူဦးရေ (၆၆)သန်းကျော်တွင် (၅) ရာခိုင် နှုန်းခန့်သာ ကာကွယ်ဆေးထိုးနှံထား သည်။
မျိုးဝင်း (ref;Reutets)