စင်ကာပူ၊ ဇူလိုင် ၁၆
သင်္ဘောပေါ်တွင် COVID-19 ဖြစ် ပွားမှုတွေ့ရှိပြီးနောက် အပျော်စီးသင်္ဘော တစ်စင်းသည် စင်ကာပူနိုင်ငံသို့ ပြန် လှည့်လာခဲ့ရကြောင်း Straits Times သတင်းစာက ဇူလိုင် ဒုတိယပတ်တွင် ဖော်ပြခဲ့သည်။
အသက် ၄၀နှစ်အရွယ်ရှိ ခရီးသည် တစ်ဦးသည် မကြာသေးမီက အတည်ပြု လူနာတစ်ဦးနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့ကြောင်း သိရပြီးနောက် ၎င်းကို သင်္ဘောပေါ်၌ ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ချက်ချင်း သီးသန့်ခွဲထားခဲ့ကြောင်း အပျော်စီး သင်္ဘောဆိုင်ရာ စင်ကာပူခရီးသွား လာရေးဘုတ်အဖွဲ့ ညွှန်ကြားရေးမှူး Annie Chang ၏ ပြောကြားချက်ကို သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းခရီးသည်မှာ သင်္ဘောပေါ်တွင် polymerase chain reaction (PCR) နည်းဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ပြီး အတည်ပြုလူနာအဖြစ် အဖြေထွက်ခဲ့ ကြောင်းနှင့် ထပ်မံအတည်ပြုရန်ဆေးရုံ သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရ သည်။ ယင်း၏ ခရီးသွားဖော် ၃ ဦးကို စစ်ဆေးအတည်ပြုမှုနှင့် သီးခြားခွဲထား မှုများ ပြုလုပ်ထားကြောင်း သိရသည်။
၎င်းတို့ကိုစစ်ဆေးရာ COVID-19 မရှိကြောင်းနှင့် ထိတွေ့သူများကို ဆက် လက်ခြေရာခံသွားမည် ဖြစ်ကြောင်း သိရသည်။
World Dream ဟု အမည်ပေး ထားသည့် အဆိုပါသင်္ဘောသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ဟောင်ကောင်ရှိ Dream Cruises ဇိမ်ခံသင်္ဘောအုပ်စုနှင့် ပူးပေါင်းခဲ့သည်။ သင်္ဘောသည် လေး ရက်ကြာ ခရီးစဉ်အတွက် ဇူလိုင် ၁၁ ရက်က စတင်ထွက်ခဲ့ခြင်းဖြစ်သည်။
ရဲခေါင် (ref;Reuters)