နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရပြည့်ဝစွာစာသုံးရေး

မျက်မှောက်ကာလ၌ လူမှုဘဝဝန်းကျင်ရှိ အချို့ အချို့ငယ်ရွယ် သူတို့ကို ကြည့်လျှင် ခန္ဓာကိုယ်သေးကွေးပါးလျားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ်လွန်သူ များပြုပြင်ရန်ခက်သည်။ ငယ်ရွယ်စဉ်ဘဝမှာပင် မိမိကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးကို အလေးဂရုပြုကြရမည်ဖြစ်သည်။ အာဟာရဓာတ် မပြည့်ဝသဖြင့် မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့နှုန်းများနေသည်။


မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများမှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့သွေးအားနည်း ရောဂါ၊ ဗီတာမင်ချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ၊ ဗီတာမင် ဘီဝမ်းချို့တဲ့ (ဘယ်ရီဘယ်ဂျီ)ရောဂါတို့ဖြစ်ကြသည်။


အာဟာရချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ အာဟာရပြည့်ဝသော အစားအစာများကို မစားသုံးရခြင်း၊ မစားသုံးနိုင်ခြင်း၊ ရွေးချယ်မစားသုံးတတ်ခြင်းနှင့် ကျန်းမာမှု အားနည်းခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းအာဟာရချို့တဲ့မှုကို သင့်တင့်မျှတပြီး အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံး ခြင်းဖြင့်ကာကွယ်နိုင်သည်။


ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ်နိုင်ရန် မိမိဒေသထွက်အာဟာရအုပ်စုသုံးစုတွင် ပါဝင်သည့် အစားအစာ များကို မျှတစွာစားသုံးရန် လိုအပ်ပေသည်။


ယခုအခါ ကောလာဟလသတင်းအမှားများကြောင့် ဈေးကွက် အတွင်း ကြက်ဥများဝယ်လိုအား များပြားလျက်ရှိပြီး ရှားပါး ဈေးတက်ချိန်တွင် ကြက်ဥအစားထိုးအဖြစ် စားသုံးနိုင်ရန် အာဟာရတန်ဖိုးတူအစားအစာများအဖြစ် ပဲနီလေး၊ ကုလားပဲ၊ ပဲပိစပ်၊ မြေပဲ၊ ပဲပြား၊ တို့ဟူး၊ ငှက်ပျောသီး၊ အာလူး၊ နွားနို့၊ ကန်စွန်းဥ၊ ကြက်သား၊ ငါးအမျိုးမျိုးတို့ စားသုံးနိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။


သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည် အာဟာရ ကင်း၍ အသက်ရှင်နိုင်ခြင်း မရှိပေ၊ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေးအသိပညာပေး နှိုးဆော်ချက်များ ထုတ်ပြန်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အာဟာရပြည့်ဝမျှတစွာ စားသုံးခြင်းဖြင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများက အထူးဂရုပြုဆောင်ရွက် စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ