နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးဟောပြောနေသည့် ပြည်သူတစ်ဦး အကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

မန္တလေး၊  ဇူလိုင် ၁၅


မန္တလေးတိုင်းဒေသကြီး၊  အမရပူရ မြို့နယ်၊  မြစ်ငယ်မြို့၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်၊  ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တာဝန်သိပြည်သူများဖြစ်သည့် ဒေါ်သက်သက်ချို (ဘ) ဦးမောင်ကို အပါအဝင် ပြည်သူ ၇ ဦးတို့သည် အဆိုပါ မြို့ဈေးအဝင်လမ်း၌ COVID-19 ရောဂါ များနှင့် ပတ်သက်၍ ပညာပေးဟောပြော ခြင်း၊ Mask နှင့် Hand Gel များ ဝေငှ ခြင်းများ ဆောင်ရွက်နေစဉ် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အဖျက် အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေ သည့် အကြမ်းဖက် အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့်  ရောက်ရှိလာပြီး (စိစစ်ဆဲ)သေနတ်ဖြင့်  ၉ ချက်ခန့်ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း     သိရှိရ သည်။ အဆိုပါ   ပစ်ခတ်မှုကြောင့် ဒေါ်သက်သက်ချိုတွင် ဦးခေါင်းထိမှန် ဒဏ်ရာဖြင့်  နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးတွင် လက်နက်ငယ် ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိ သူများကို မန္တလေးမြို့အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံ ယူစေလျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က  အပူတပြင်းလိုက်လံရှာဖွေလျက်ရှိ ကြောင်းနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။                                  

  ဆွေဦး






အခြားဆက်စပ်သတင်းများ