နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီ၊ ခန္တီးနှင့် ပင်လောင်းမြို့နယ် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊  ဇူလိုင် ၁၅


မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၃ ရက်၊ နံနက် ၁ နာရီခွဲတွင် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၌ ထွန်းထွန်းလင်း မောင်းနှင်လာသည့်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ် ဆေးပြား  ၄၀၀  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၆၂၀၀ ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။


ထို့အတူ ဇူလိုင် ၁၂ ရက်၊ ည ၁၀ နာရီခွဲတွင် ခန္တီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ခန္တီးမြို့  မြို့မရပ်ကွက် စိန်ပန်းပြာလမ်းရှိ မကာရမ်း(ခ) ကာကာ၏နေအိမ်သို့ သတင်းအရဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၈၃၇ ကီလိုကိုလည်းကောင်း၊ အလားတူ ဇူလိုင် ၁၃ ရက်၊ ညနေ ၆ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာအုပ်စု လိန်းလီကျေးရွာ ကြိုးတံတားအနီး  ပင်လောင်း- နေပြည်တော်သွား  ကားလမ်းတွင် ရဲမင်းထက်  မောင်းနှင်ပြီး အေးလှိုင်  လိုက် ပါလာသည့် ယာဉ်ကိုရပ်တန့်စစ်ဆေး ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်း တို့ကို  မူးယစ်ဆေးဝါးနှင့် စိတ်ကို        ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒအရ အရေးယူထားကြောင်း သိရ သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ