တိုကျို၊ ဇူလိုင် ၁၅
ယခုသီတင်းပတ်အတွင်း ထိုင်ဝမ် နှင့် အခြားသော အာရှတလွှားရှိ အိမ်နီးချင်းနိုင်ငံများသို့ AstraZeneca COVID-19 ကာကွယ်ဆေးကို ထပ်တိုးလှူဒါန်းသွား မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန် ကြီး Toshimitsu Motegi က ပြောကြားလိုက်သည်။
သဘော တူညီမှု အစီအစဉ်များအရ အင်ဒိုနီးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်ကို ဇူလိုင် ဒုတိယပတ်အတွင်း ဂျပန်နိုင်ငံက ကာကွယ်ဆေး ၁ သန်းစီ ပေးပို့သွား မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ချမ်းသာသည့်နိုင်ငံများသည် ဆင်းရဲ သည့်နိုင်ငံများကို ကာကွယ်ဆေးမျှဝေ လှုဒါန်းသည့် COVAX အစီအစဉ်မှ တစ်ဆင့် ယခုလအတွင်း ဘင်္ဂလား ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီရန်၊ လာအို၊ နီပေါ၊ သီရိလင်္ကာနိုင်ငံနှင့် ပစိဖိတ်ကျွန်း နိုင်ငံတွေကို ကာကွယ်ဆေး ၁၁ သန်း ဂျပန်ကထပ်ပြီး လှုဒါန်းဖို့ရှိကြောင်းသိ ရသည်။
COVAX အစီအစဉ်အတွက် ဂျပန် နိုင်ငံအနေဖြင့် ရန်ပုံငွေ ဒေါ်လာ သန်း ၁ ထောင်နှင့် ကာကွယ်ဆေး သန်း ၃၀ လှူဒါန်းရန်ကတိပြုထားပြီး ဂျပန် နိုင်ငံထုတ် AstraZeneca COVID-19 ကာကွယ်ဆေးကိုလည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO က ဇူလိုင်လ ၉ ရက် ကစတင်၍ အသုံးပြုခွင့်ချပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ရဲခေါင် (ref;Reuters)