ဂျာကာတာ၊ ဇူလိုင် ၁၅
အင်ဒိုနီးရှားနိုင်ငံအတွင်း Covid-19 ရောဂါပိုးတွေ့ရှိမှု တစ်နေ့တာအရေအတွက် ထက် ပိုမိုသာလွန်နေပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများတွင်ရေးသားထား သည်။
အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားတွင်ကူးစက်မှု မြင့်မားသည့် ဒယ်လ်တာမျိုးဗီဇကွဲကြောင့် အာရှ၏ ကပ်ရောဂါဗဟိုချက်အသစ် ဖြစ်လာသည့်အပြင် အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်တည်းပိုးတွေ့သူ လေးသောင်း ကျော် နှစ်ရက်ဆက်တိုက်ဖြစ်ခဲ့ကာ ပြီးခဲ့သည့်အင်္ဂါနေ့က တစ်ရက်တည်းမှာပင် ၄၇၈၉၉ ဦး တွေ့ခဲ့ခြင်း ဖြစ်သည်။
ကူးစက်မြန် ကိုဗစ်မျိုးဗီဇကွဲပိုးသည် အင်ဒိုနီးရှား၏ အဓိကကျသော ဂျာဗား ကျွန်း အပြင်ဘက်ကို ပျံ့နှံ့ကူးစက်နေပြီလို့ အာဏာပိုင်များက စိုးရိမ်ပူပန်နေကြပြီး အိန္ဒိယ၏ လူဦးရေသည် အင်ဒိုနီးရှား၏ လူဦးရေ သန်း ၂၇၀ ထက် ငါးဆများ နေသဖြင့် အိန္ဒိယကဲ့သို့ဖြစ်လာပါက နိုင်ငံတွင်းလူဦးရေအတွက် စိုးရိမ်ရကြောင်း ယင်းတို့က ပြောသည်။
လက်ရှိတွင် အင်ဒိုနီးရှားလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုး ပေးခဲ့ပြီး အိန္ဒိယကမူ နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းကို ကာကွယ်ဆေးများ ထိုးနှံပြီးပြီ ဖြစ်သည်။ မျိုးဝင်း(ref;BBC)