နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်အာဖရိကတွင် ဆူပူမှုများကြောင့် သေဆုံးသူ ၇၂ ဦးထိ ရှိ

ဂျိုဟန်နစ္စဘတ်၊  ဇူလိုင်  ၁၅ 


တောင်အာဖရိကတွင် ဖြစ်ပွားခဲ့ သော ဆန္ဒပြပွဲများအတွင်း လူပေါင်း ၇၂ ဦး သေဆုံးပြီး ၁,၂၃၄ ယောက်ကို ဖမ်းဆီးခဲ့သည်ဟု တောင်အာဖရိက ရဲ တပ်ဖွဲ့က ပြောကြားသည်။


ယခင်သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားက ယင်းတာဝန်ထမ်းဆောင်နေ စဉ်အတွင်း ပြစ်မှုများနှင့်ပတ်သက်ပြီး ၁၅ လကြာ ထောင်ဒဏ်ကိုကျခံရန် စ တင်ခဲ့ပြီးနောက် ကွာဇူးလူးနေတယ်လ် ပြည်နယ်တွင် ဆူပူမှုများ ပထမဦးဆုံး ဖြစ်ပွားခဲ့သည်။


အဆိုပါ အကြမ်းဖက်မှုများသည် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဂျိုဟန် နစ္စဘတ်နှင့် အနီးနားရှိ ဂူတောင်ပြည် နယ်၊ အိန္ဒိယသမုဒ္ဒရာဆိပ်ကမ်းမြို့ ဖြစ် သည့် ဒါဘန်အထိ ပျံ့နှံ့သွားကာ အစိုးရ က အကြမ်းဖက်မှုများနှင့် လုယက်မှု များပျံ့နှံ့မှုကို ရပ်တန့်ရန် လုပ်ဆောင် နေကြောင်း သိရသည်။


ဇူးမားသည် ယင်းအာဏာရခဲ့သည့် ကိုးနှစ်အတွင်း အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို မထီမဲ့ မြင် ပြုခဲ့သည့်အတွက် ဖွဲ့စည်းပုံခုံရုံးမှ တစ်ဆင့် ဇွန် ၂၉ ရက်က ထောင်ဒဏ် ၁၅ လ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရဲခေါင် (Ref : Reuters)






အခြားဆက်စပ်သတင်းများ