ကုလသမဂ္ဂ၊ ဇူလိုင် ၁၅
၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ လူဦးရေ၏ ဆယ်ပုံတစ်ပုံသည် စားနပ် ရိက္ခာမလုံလောက်မှု အကျပ်အတည်း နှင့် ရင်ဆိုင်နေရပြီး ယင်းတို့အနက် အာရှ တိုက်တွင် စားနပ်ရိက္ခာရှားပါးမှု နှင့် ကြုံတွေ့ရသူ (၄၁၈) သန်းရှိနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ် ပြန်ကြေညာသည်။
ယင်းဖြစ်ရပ်မှာ အာဖရိကတိုက် တွင်မူ (၂၈၂)သန်းရှိနေပြီး ၂၀၂၀ ပြည့်နှစ် သည် တစ်ကမ္ဘာလုံးရှိ လူပေါင်း(၂.၄)ဘီလီယံထိ အာဟာရပြည့်ဝသည့် အစား အစာမရရှိစေခဲ့သည့် နှစ်တစ်နှစ် ဖြစ် ကြောင်း ယင်းတို့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ရေရှည်ငတ်မွတ်ခေါင်း ပါးမှုဒဏ်ကိုခံရသည့် လူဦးရေသည် ၂၀၂၀ ပြည့်နှစ်တွင် မြင့်တက်လာခဲ့ ရာ ပြီးခဲ့သည့် (၅) နှစ်တာ ကာလ၏ စုစုပေါင်းပမာဏကို ကျော်လွန်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် (၁၆၁) သန်း ထပ်တိုး လာခြင်းဖြစ်ကြောင်း သိရသည်။
စားနပ်ရိက္ခာ ရှားပါးမှုအကြောင်း အရင်းတွင် ကိုဗစ်ကပ်ရောဂါသည် တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး စားနပ် ရိက္ခာရှားပါးမှုဖြစ်စေသည့် အဓိက အကြောင်းအရင်းသည် စားနပ်ရိက္ခာ စနစ်ပြဿနာကြောင့် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စားနပ်ရိက္ခာစနစ် ထိပ်သီး အစည်းအဝေး၊ ကုလမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Dr. Agnes Kalibataက အစီရင်ခံစာ မထုတ်ပြန်မီ ပြောကြားခဲ့သည်။
ရဲခေါင် (ref; BBC)