နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-အမေရိကန် စီးပွားရေးအားပြိုင်မှုအပေါ် ဂျပန် ကြားဝင်သတိပေး

တိုကျို၊  ဇူလိုင်  ၁၅


တရုတ်နှင့်  အမေရိကန်အကြား စီးပွားရေးနှင့်  နည်းပညာအားပြိုင်မှု သည် အရှေ့အာရှငြိမ်းချမ်းရေးနှင့် တည် ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း ဂျပန် ကာကွယ်ရေးနှစ်စဉ် စက္ကူဖြူစာတမ်း တွင် သတိပေးဖော်ပြထားသည်။


ဂျပန်ဝန်ကြီးချုပ် အတည်ပြုလိုက် သည့် ကာကွယ်ရေးပြန်လည်သုံးသပ် ချက်အမည်ရှိ အဆိုပါစက္ကူဖြူစာတမ်း တွင် တရုတ်သည် ဂျပန်အမျိုးသားလုံခြုံ ရေးအတွက် အဓိကစိုးရိမ်ပူပန်စရာဖြစ် ကြောင်းပါရှိပြီး ထိုင်ဝမ်ပတ်ဝန်းကျင် တွင် ဘေဂျင်းက မကြာသေးမီက စစ်ရေး လှုပ်ရှားမှုမြှင့်တင်လိုက်ခြင်းသည် ဂျပန် အတွက် စိုးရိမ်စရာဖြစ်စေကြောင်း စ သည်တို့လည်း ပါဝင်သည်။


အမေရိကန်ပြည်ထောင်စုနှင့် တရုတ် အကြား စစ်ရေးအားပြိုင်မှု မြင့်မားလာ ချိန်တွင် ယင်းတို့၏ စီးပွားရေး အား ပြိုင်မှုသည် အိုင်တီပိုင်းဆိုင်ရာ အဓိက နယ်ပယ်များတွင်  ပိုမိုပြင်းထန်စေပြီး ဂျပန်သည် စီးပွားရေးနှင့်ပတ်သတ်ပြီး တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံလုံးကို များစွာမှီခိုနေရသောကြောင့် နည်းပညာ ယှဉ်ပြိုင်မှုအုပ်စုများ ပေါ်ပေါက်လာခြင်း သည် ဂျပန်အတွက် စိန်ခေါ်မှုဖြစ်သည် ဟုလည်း ထိုစာတမ်းတွင် ဖော်ပြထား သည်။ 


ဂျပန်သည် အမေရိကန်ပြည်ထောင် စု၊ တရုတ်နှင့် ဥရောပတို့မှ နည်းပညာ အတွက် အစိုးရအသုံးစရိတ်များကို အမှီ လိုက်ရမည်ဖြစ်ကြောင်း နိုင်ငံဝန်ကြီး ချုပ်က ပြောသည်။     မျိုးဝင်း(ref;BBC)






အခြားဆက်စပ်သတင်းများ